ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ချီဖွေခရိုင်၊ ချီဖွေမြို့နယ် ရစ်ဂျော်ကျေးရွာ ဆိုလာ လျှပ်စစ်မီး စံပြစီမံကိန်း ရှင်းလင်းဆွေးနွေးပွဲနှင့် ဝန်ထမ်းများနှင့် တွေ့ဆုံ

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ချီဖွေခရိုင်၊ ချီဖွေမြို့နယ် ရစ်ဂျော်ကျေးရွာ ဆိုလာ လျှပ်စစ်မီး စံပြစီမံကိန်း ရှင်းလင်းဆွေးနွေးပွဲနှင့် ဝန်ထမ်းများနှင့် တွေ့ဆုံ

မြစ်ကြီးနား     မတ် ၂

          ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ရစ်ဂျော်ကျေးရွာတွင် SPIC ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သော ဆိုလာလျှပ်စစ်မီး စံပြစီမံကိန်းနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေး ပွဲကို မတ် ၁ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ စီမံကိန်း ရှင်းလင်းပွဲတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး အခြေခံကျသည့် လျှပ်စစ်မီးလင်းရေးအတွက် ယခုလို နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးလင်းရေးသည် တောင်ပေါ်ဒေသရှိ ကျေးရွာနေပြည်သူများ အတွက် များစွာအကျိုးဖြစ်ထွန်းပါကြောင်း၊ ရစ်ဂျော်ကျေးရွာအား အချိန်တိုကာလအတွင်း ဆိုလာ လျှပ်စစ်မီး စံပြစီမံကိန်းဖြင့် မီးလင်းရေးကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် များစွာကျေးဇူးတင် ဂုဏ်ယူပါကြောင်း ပြောကြားသည်။

ထို့နောက် SPIC ကုမ္ပဏီမှ တာဝန်ရှိသူက ချီဖွေမြို့နယ်ရှိ ချီဖွေမြို့နှင့် (၄)မိုင် အကွာတွင် တည်ရှိသည့် ရစ်ဂျော်ကျေးရွာသည် လျှပ်စစ်မီးမရရှိသေးသော ကျေးရွာတစ်ရွာဖြစ်သည့်အတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်မီးစံပြစီမံကိန်းဖြင့် မီးလင်းရေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု စီမံကိန်းလုပ်ငန်းများ အခြေအနေများနှင့် ဝိုင်းမော်မြို့နယ် နိုင်ဝကျေးရွာတွင် ဆက် လက်ဆောက်လုပ်လှူဒါန်းသွားမည့် စီမံကန်းအား ရှင်းလင်းတင်ပြရာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးခန့်ထက်က ဆိုလာလျှပ်စစ်မီးပေးစနစ်နှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးသည် အဆိုပါ အစည်းအဝေးခန်းမ၌ ပြည်နယ်လျှပ်စစ်အင်ဂျင် နီယာ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်အားခွဲရုံမှူးများ၊ ဝန်ထမ်းများနှင့် ဆက်လက်တွေ့ဆုံပြီး နိုင်ငံ့ဝန်ထမ်းဥပဒေအတိုင်း လိုက်နာဆောင်ရွက်ကြရေး၊ တစ်ဦးနှင့်တစ်ဦး ချစ် ခင်စည်းလုံးမှုဖြင့် လုပ်ငန်းခွင်တွင် မိသားစုစိတ်ဓာတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရေး၊ ဝန်ထမ်း ကောင်းများဖြစ်အောင် နေထိုင်ကျင့်ကြံကြရေး၊ လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များမဖြစ်ပေါ်စေရေး လုံခြုံရေးအသိ၊ သတိရှိစွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရေး အားပေးပြောကြားခဲ့ကာ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် တာဝန်ရှိသူများ၏ လုပ်ငန်းလိုအပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ မှုအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။