မြစ်ကြီးနား အောက်တိုဘာ ၂၃
ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ သဲဖြူဆရာတော်အားအမှူးထား၍ ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးစီစဉ်မှု၊ အလှူရှင် များ၏ လှူဒါန်းမှုဖြင့် ဒေသခံပြည်သူများအား စက္ခုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းကို စေတနာအပြည့်ဖြင့် စမ်းသပ်ကုသဆောင်ရွက်ပေးခဲ့ကြသော မျက်စိအထူးကုဆရာဝန်ကြီးများ၊ ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များအား ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
အဆိုပါ ဂုဏ်ပြုပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြည်နယ်အတွင်း ဒေသခံပြည်သူများ၏ စက္ခုနှစ်ကွင်းအလင်းရအောင် စိတ်စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးကြသူများအားလုံးကို ပြည်နယ်အစိုးရအဖွဲ့က မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း ဂုဏ်ပြုပြောကြားကာ မျက်စိအထူးကုဆရာဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအုပ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပူးပေါင်းပါဝင်ကူညီပေးကြအဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများဖြင့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။
