Bahisbet Bahisbet Giriş Yakabet Giriş Deneme Bonusu deneme bonusu veren siteler çevrimsiz deneme bonusu Deneme Bonusu Rehberi Deneme Bonusu 2026 güncel deneme bonusu Çevrimsiz Bonus Veren Siteler Truva Marketing Deneme Bonusu Veren Siteler Jojobet Giriş Caddebet Giriş Casibom Giriş

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအသင်း/အဖွဲ့ တာဝန်ရှိသူများနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား

မြစ်ကြီးနား  အောက်တိုဘာ ၂၄

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အတူ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနအစည်းအဝေးခန်းမ၌  ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအသင်း/အဖွဲ့မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့တွေ့ဆုံရာတွင်  ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် သိသင့်/သိထိုက်သည့် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်း ဥပဒေပါအချက်အလက်များအပေါ် ပြည့်ပြည့်ဝဝသိရှိနားလည်စေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများဖြစ်ကြသည့် ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုး၊ ဗမာတိုင်းရင်းသားအပါအဝင် ရခိုင်တိုင်းရင်းသား၊ ကရင်နှင့်ချင်းတိုင်းရင်းသား စာပေနှင့်ယဥ်ကျေးမှုအသင်းအဖွဲ့မှ ဥက္ကဋ္ဌများနှင့် ဝာာဝန်ရှိသူများက မျိုးနွယ်စုများအလိုက် ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊  ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် သိလိုသည်များကို မေးနွေးဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက သက်ဆိုင်ရာကဏ္ဍအလိုက်  ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းအဖွဲ့ (၁၅)ဖွဲ့နှင့် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှု အဖွဲ့၊ ကချင်ပြည်နယ်ရှမ်းမျိုးနွယ်စုများ ရိုးရာယဉ်ကျေးမှုအသင်းတို့အတွက် တစ်ဖွဲ့လျှင် ငွေကျပ် (၅) သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၈၅)သိန်းကို တာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်ခဲ့ကြရာ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းအဖွဲ့များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက‌ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီး၊ ဒေါက်တာဆလိုင်းငွန်းကျုံးလျန်၊ ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊  တက်ရောက်လာကြသည့် အသင်းအဖွဲ့များနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။