နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် အစည်းအဝေး လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းဆွေးနွေး

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် အစည်းအဝေး လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၂၆

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင် ၃၁ ရက် အထိ (၆)လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အစည်းအဝေးလမ်းညွှန် မှာကြားချက်များအား ရှင်းလင်းခြင်းနှင့် လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင် ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း(၅)ရပ်၊ ဦးတည်ချက် (၉)ရပ် နှင့်အညီ၊ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ အစည်းအဝေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှ ဇူလိုင် (၃၁)ရက်အထိ (၆)လပတ်ကာလလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ လမ်းညွှန်မှာကြားချက်များကို ဌာန ဆိုင်ရာများအနေဖြင့် သိရှိလိုက်နာ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းများ မြန်မြန်ဆန်ဆန်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်ဝန်ကြီးများအနေဖြင့်လည်း သက်ဆိုင် ရာဌာနများအလိုက် ကြီးကြပ်ဆောင်ရွက်သွားရန် အထူးမှာကြားလိုပါကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးများက ညွှန်ကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြပြီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်လေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့် (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ဆောင်ရွက်ရမည့် လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောာက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက အစည်း အဝေးလမ်းညွှန်မှာကြားချက်များနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့်လုပ်ငန်းကဏ္ဍများကို ဖတ်ကြားတင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်အတွင်း ရေအားလျှပ်စစ် တိုးချဲ့ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ငန်းများ၊ ဆိုလာစနစ်ဖြင့် မြစ်ရေတင်စီမံကိန်း လုပ်ငန်းများ၊ တိုင်းရင်းသားပြည်သူများ စာပေဗဟုသုတတိုးပွားရေးဆိုင်ရာများ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖော်ထုတ် ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်း သတင်း စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးဆိုင်ရာကိစ္စရပ်များအပေါ်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့်လုပ်ငန်းအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို အသီးသီးရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် သုံးသပ်ဖြည့်စွက်ရှင်းလင်း တင်ပြ ကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာ ကြားချက်များသည်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့်လုပ်ငန်း အစီအမံများဖြစ်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားကြရေး နှင့် ချိတ်ဆက်ပူးပေါင်းဆောင် ရွက်သွားရမည့် ကိစ္စရပ်များအပေါ် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။