မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁
သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍမှ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ လုပ်ငန်းများ ယခင်နှစ်များထက် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် နှီးနွှယ်ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် လုပ်ငန်းဆန်းစစ်သုံးသပ်မှုနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာအောင်ဝင်း၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး(ရောဂါနှိမ်နင်းရေး) ဒေါက်တာဇော်ရိန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွှယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ၂၀၂၅ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများအပေါ် ဒေသအလိုက် အားသာချက်၊ အားနည်းချက်များနှင့် လာမည့် ၂၀၂၆ ခုနှစ်အတွက် ဒေသတွင်းဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အရေးပေါ်ကျန်းမာရေးအဖွဲ့ ဖွဲ့စည်းမှု၊ အရေးပေါ် ဆေးနှင့် ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေး၊ ရွေ့လျားဆေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားသည့်အစီအစဉ်များ၊ ဘေးအန္တရာယ်ကျရောက်သည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်လုပ်ငန်းများအတွက် အဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားရမည့် နည်းလမ်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် ကြိုတင်ပြင်ဆင်မှုအပိုင်းတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ တုံ့ပြန်ဆောင်ရွက်မှုအပိုင်းတွင် ဆောင်ရွက်သွားမည့် နည်းလမ်းများအပေါ် ပိုမိုတိုးတက်အောင်မြင်အောင် စနစ်တကျဖွဲ့စည်းစီမံဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးခြင်း၊ သုံးသပ်ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
