၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ၂/၂၀၂၃ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

 ၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ၂/၂၀၂၃ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇူလိုင် ၁၈

          ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ၂၀၂၃ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အံတော်ရှင်တောင်တန်း သာသနာပြုကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်၊ မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ဆရာတော်/ သံဃာတော်များ ကြွရောက်တော်မူကြသည်။

          ရှေးဦးစွာ အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်/သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ပရိတ်တရားတော်များ နာယူခဲ့ကြကာ ဆရာတော်/ သံဃာတော်များအား ဝါဆို သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

          ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု ၃ ကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ထို့နောက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း မန်ခိန်ကွင်းနှင့် တပ်ကုန်းကွင်းရှိ လယ်ယာမြေများပေါ် တွင် မိုးစပါးစိုက်ပျိုးချိန် တောင်သူများ စိုက်ပျိုးရေ လုံလောက်ဖူလုံမှုရှိစေရေးနှင့် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မန်ခိန်ကွင်းအတွင်း မိုးစပါးစိုက်ပျိုးရန် စိုက်ပျိုး ရေလုံလောက်မှုရှိသော်လည်း တပ်ကုန်းကွင်းအတွင်းရှိ လယ်ယာမြေများတွင် မိုးစပါးစိုက်ပျိုးမည့် အချိန်၌ တောင်သူများ အောင်ရေလုံလောက်မှုရှိစေရေး လယ်ကွင်းများကို ဖြတ်သန်းစီးဆင်းသည့် အင်ဂျန်းခချောင်း ပေ ၁၀၀၀ အား ပြန်လည်တူးဖော်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ထားသည့် ပင်မ မြောင်းမကြီးမှ တစ်ဆင့် အောင်ရေရရှိရေး လတ်တလော ရေတင်စက်များ၊ ဆိုလာစနစ်ရွေ့လျား ရေတင်စက်များဖြင့် စုပ်ယူရေသွင်းပေးနိုင်မည့်နည်းလမ်းများ၊ လယ်ယာမြေဧရိယာအတွင်း ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တူးဖော်ထားသည့် စက်ရေတွင်း (၈)တွင်း၊ ဆိုလာရေတွင်း ၂ တွင်းတို့မှ ရေရရှိ ရေးဆောင်ရွက်ပေးသွားမည့် နည်းလမ်းများနှင့် သီးထပ်သီးညှပ်အတွက် စိုက်ပျိုးရေဖူလုံမှုရှိစေရေး ဆောင်ရွက်ပေးသွားမည့် အစီအမံများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါ မလိခခန်းမ၌ ကချင်ပြည်နယ်ဒေသဆိုင်ရာ ခရီး သွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော်မတီအဖွဲ့ဝင်များ၊ ဒေသ တွင်း ခရီးသွားလုပ်ငန်းဆောင်ရွက်နေကြသည့် အသင်းအဖွဲ့များနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပိုမိုလွယ်ကူလျင်မြန်လာစေပြီး ရေရှည်ခိုင်မာတည်ငြိမ်စွာ တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လာမည့် ပွင့်လင်းရာသီ အတွက် ခရီးစဉ်ဒေသများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျဖြင့် ခရီးသွားများ လုံခြုံစွာသွား လာနိုင်ရေး ကြိုတင်စီမံထားရမည်ဖြစ်ကြောင်း၊ ရေခံမြေခံကောင်းပြီး သဘာဝအရင်းအမြစ်ပေါများ သည့် မိမိတို့ ပြည်နယ်အတွက် ခရီးစဉ်ဒေသသစ်များကို စနစ်တကျရွေးချယ်ပြီး အားနည်းချက်/ အားသာချက်များကို လေ့လာသုံးသပ်ဆွေးနွေးကြရန် လိုအပ်သကဲ့သို့ ရှိရင်းစွဲ ခရီးစဉ်ဒေသများတွင် ခရီးသွားများ လှည့်လည်သွားလာခဲ့မှု အခြေအနေများအပေါ် ဒေသများ၏ အားနည်းချက်/ အားသာ ချက်များကိုလည်း စဉ်ဆက်မပြတ် လေ့လာသုံးသပ်ပြီး ဆွေးနွေးတင်ပြရန်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

           ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဒေသတွင်း ခရီးသွား လုပ်ငန်းများ အခြေအနေနှင့် ကော်မတီမှ ဆွေးနွေးဆောင်ရွက်သွားရမည့်ကိစ္စရပ်များကို သုံးသပ်တင် ပြဆွေးနွေးပြီး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခိုင်ဦးက ဘဏ္ဍာနှစ်အလိုက် ဟိုတယ်၊ တည်းခိုရိပ်သာနှင့် ခရီးသွားလှည့်လည်ရေး လုပ်ငန်း လိုင်စင်အသစ်များ ခွင့်ပြုပေးနေမှု၊ ဧည့်သည်ဝင်ရောက်ခဲ့မှု၊ ဝင်ငွေရရှိမှု အခြေအနေများ၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့မှု၊ ကော်မတီ၏ (၁/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ကော်မတီသို့ တင်ပြလျှောက်ထားလာ သည့် ဟိုတယ်/ တည်းခိုရိပ်သာ၊ ခရီးလှည်လည်ရေးနှင့် ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် သက်တမ်းတိုး လျှောက်ထားမှု၊ လုပ်ငန်းလိုင်စင်အသစ်နှင့် လုပ်ငန်းရပ်ဆိုင်းခွင့်ပြုပါရန် တင်ပြလျှောက်ထားမှု အခြေ အနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

          ထို့နောက် တက်ရောက်လာသူများကြသည့် ပြည်နယ်ကော်မတီအဖွဲ့ဝင်များက ဒေသတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းစဉ်များအပေါ် သုံးသပ်ရှင်းလင်း ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီသို့ တင်ပြလျှောက်ထားလာသည့် လုပ်ငန်းလိုင်စင် အသစ် သက်တမ်းတိုးခြင်း၊ လိုင်စင်အသစ်နှင့် လုပ်ငန်းရပ်ဆိုင်းခွင့်များကို ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းပေါင်းစပ်၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။