Bahisbet Bahisbet Giriş Yakabet Giriş Deneme Bonusu deneme bonusu veren siteler çevrimsiz deneme bonusu Deneme Bonusu Rehberi Deneme Bonusu 2026 güncel deneme bonusu Çevrimsiz Bonus Veren Siteler Truva Marketing Deneme Bonusu Veren Siteler Jojobet Giriş Caddebet Giriş Casibom Giriş

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်မွေးမြူထုတ်လုပ်နိုင်ရေး အသားတိုးဝက်နှင့်ကြက်မွေးမြူရေးခြံများအားကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား   ဧပြီ ၃၀

         ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်မွေးမြူထုတ်လုပ်နိုင်ရေး အသားဝက်နှင့် ကြက်မွေးမြူရေးခြံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ လယ်ကုန်း (ဇီးလွန်)ရပ်ကွက်အတွင်း ပိုင်ရှင် ဦးရွှေ၏ ဝက်မွေးမြူရေးခြံသို့ သွားရောက်ခဲ့ကြပြီး အသားတိုးဝက် ဝက်ကြီး၊ ဝက်ပေါက်ကောင်ရေ စုစုပေါင်းကောင်ရေ ၂၀၀ ခန့် မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသတွင်း ဈေးကွက်သို့ ပြန်လည်ရောင်းချနိုင်မှု အခြေအနေများ ကို မေးမြန်းဆွေးနွေးကာ ဈေးကွက်ရရှိအောင် ဆောင်ရွက်ပေးနိုင်ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရေး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခမဲ့ပေးအပ်သည့် မွေးမြူရေးအထောက်အကူပြု ဆေးဝါးများကို ပေးအပ်ခဲ့ကြသည်။

          ဆက်လက်၍ အဆိုပါ ခြံဝင်းအတွင်းဒေသရိုးရာဆန်အရက်ချက်ခြင်းလုပ်ငန်းနှင့် ဆန်းသစ် ဆန်နှင့်ကောက်ညှင်းအရက် ထုတ်ပိုးထုတ်လုပ်ရောင်းချနိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စု၊ ငအိုးကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ပေးမှုဖြင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင် ဦးဆင်ဝါးနော်၏ခြံသို့ သွားရောက်ခဲ့ကြပြီး ခြံဝင်းအတွင်းရှိ ကြက်ခြံများအတွင်း ကြက်သားပေါက်ကောင်ရေ (၃၀၀၀)ကျော်၊ ကြက်ပေါက်ကောင်ရေ (၃၀၀၀) ကျော်နှင့် ကြက်ကြီးကောင်ရေ (၃၀၀၀)ကျော်ဖြင့် စုစုပေါင်းကြက်ကောင်ရေ (၁၀၀၀၀) ကျော်မွေးမြူ ထားရှိမှုအခြေအနေများနှင့် အသားတိုးဝက်များ မွေးမြူထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးကွက်ရရှိမှု၊ ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။