ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ပူတာအိုမြို့၌ စည်ပင်သာယာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၊ မြို့မဈေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပူတာအို         အောက်တိုဘာ ၃
          ပူတာအိုခရိုင်၊ ပူတာအိုမြို့ သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေး အောင်သည် အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ အရာ ထမ်း/ အမှုထမ်း ဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံသည်။
          ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးက ပူတာအိုမြို့သည် မြန်မာပြည်မြောက်ဖျားပိုင်းခရိုင် မြို့ဖြစ်သည့်အတွက် မြို့သန့်ရှင်းသာယာလှပရေးကို အလေးထားလုပ်ဆောင်သွားကြရေး၊ စည်ပင်သာယာရေးလုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာနှစ်အလိုက် ပြီးစီးအောင် အလေး ထားဆောင်ရွက်ကြရေးနှင့် ဝန်ထမ်းများအနေဖြင့် ယခုလို တာဝန်ထမ်းဆောင်မှုကို ကျေးဇူးတင်ရှိ ကြောင်း၊ ပူတာအိုမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ စည်ပင်သာယာဖွံ့ဖြိုးလာစေရေး ယခုထက်ပိုမို ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။’
          ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ခိုင်က စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက ရုံးဝန်ထမ်းများအတွက် မုန့်လက်ဆောင်များနှင့် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ သည်။
          ထို့နောက် ပြည်နယ်ဝန်ကြီးသည် ရုံးဝင်းအတွင်းရှိ ပျိုးဥယျာဉ်၌ မြို့သာာလှပရေးအတွက် ပျိုးထောင်စိုက်ပျိုးထားသည့် ပျိုးပင်များကို လည်းကောင်း၊ ပူတာအိုမြို့ မြို့မရပ်ကွက်အတွင်း စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးသို့ သွားရောက်ပြီး ဈေးအတွင်း ဈေးဆိုင်များဖွင့်လှစ်ရောင်း ဝယ်ဖောက်ကားနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဈေးသန့်ရှင်းမှုရှိစေရေးနှင့် စနစ်တကျရှိစေရေး မှာကြားခဲ့ကာ မြို့မရပ်ကွက် ကုန်းဆင်းနေရာ၌ စည်ပင်သာယာရေးအဖွဲ့က ရာဇီပန်းခြံအဖြစ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။