admin

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခမ်းအနား

မြစ်ကြီးနား ဇန်နဝါရီ (၄)(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ယနေ့ နံနက် (၄)နာရီ (၂၀)မိနစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း မြက်ခင်းပြင်၌ နိုင်ငံတော်အလံလွှင့်တင်ပွဲ အခမ်းအနား ကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများ

Read Full News

(၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား မြစ်ကြီးနားမြို့၌ကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၁၀၁၉၄၈ ခုနှစ်မှ စတင်၍ နှစ်စဉ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကချင် ပြည်နယ်နေ့ အခမ်းအနားကို ယခုနှစ်အတွက် (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား အဖြစ် ယနေ့ နံနက် (၈)နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအား ဖတ်ကြားသည်။နိုင်ငံတော်သမ္မတ၏ (၇၃)နှစ်မြောက် ပြည်နယ်နေ့သဝဏ်လွှာတွင် နိုင်ငံတော်အနေဖြင့် ကချင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတိုးမြှင့်ရေး…

Read Full News

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာစေတီတော်ရှိရာ (ရွှေမိုးတောင်)တွင် ဆွမ်းစားကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်း

မြစ်ကြီးနား ဇန်နဝါရီ ၁၀ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝိုင်းမော်မြို့နယ်၊ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာစေတီတော် တည်ထားကိုးကွယ်ရာ ရွှေမိုးတောင်ပေါ်တွင် ဆွမ်းစားကျောင်းဆောင်သစ်ကို ဆောက်လုပ်လှူဒါန်းခဲ့ရာ ယနေ့ နံနက် (၉)နာရီ ခွဲတွင် အဆိုပါ ကျောင်းဆောင်သစ်ကို ရေစက်ချလွှဲပြောင်းပေးအပ် လှူဒါန်း ခဲ့ကြသည်။ဆောက်လုပ်ပြီးစီးသည့် ဆွမ်းစားကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ရာတွင် ဝန်းသိုကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်၊ သံဃာတော်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ငါးပါသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် အလှူငွေတို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့မှ ဆောက်လုပ်လှူဒါန်းခဲ့သည့် ငွေကျပ်သိန်း (၁၃၀၀) တန်ဖိုးရှိ အဆိုပါ ဆွမ်းစားကျောင်းဆောင်သစ်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဦးနေဝင်းက ပြည်နယ် သာသနာရေးထံ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး လှူဒါန်းမှုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ…

Read Full News

ပထမဆုံးအကြိမ်အဖြစ် ဟူးကောင်းလွင်ပြင်စာပေဆုချီးမြှင့်

မြစ်ကြီးနား ဇန်နဝါရီ ၁၅ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဦးဆောင် ၍ ဟူးကောင်းလွင်ပြင်ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။စာပေဆုပေးအပ်ပွဲတွင် ဆုချီးမြှင့်ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင် မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးဇော်ဝင်းက “ကျွန်တော်တို့ စာဖတ်ခြင်းဟာ လူငယ်တွေရော လူကြီးတွေအတွက်ပါ စိတ်နှလုံးသားကို စိန်စီထားတာနဲ့တူပါတယ်။ ကျွန်တော် လွှတ်တော်ကိုယ်စားလှယ်ဘဝမှာလည်း စာ‌ရေးဆရာတွေ နိုင်ငံအတွင်းထင်ရှားကျော်ကြားတဲ့ စာရေး ဆရာတွေ ဖိတ်ပြီးတော့ ဟူးကောင်းဒေသမှာ စာပေဟောပြောပွဲတွေပြု လုပ်ခဲ့ပါတယ်။ အခုဝန်ကြီး တာဝန်ယူတဲ့ အချိန်မှာလည်း လူငယ်တွေစာဖတ်တဲ့ အလေ့အထပိုပြီးတော့ ဖြစ်လာအောင် ပံ့ပိုးတဲ့အနေအထား ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကိုဗစ် ကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ လူတွေခက်ခဲ သလို ကျွန်တော်တို့မှာရှိတဲ့ စာရေးဆရာတွေလည်း စာဝတ်နေရေးအလွန်အင်မတန်မှ ခက်ခဲတဲ့…

Read Full News

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မှီငြမ်းအသုံးပြုလျက်ရှိသော ဥပဒေ/ နည်းဥပဒေများ

  စဉ်   အမည် ၁  ၁၉၈၄ ခုနှစ်၊ ဝန်ထမ်းစည်းမျဉ်းများဆိုင်ရာ ကောက်နုတ်ချက်စာစောင် ၂  မြို့ပြဝန်ထမ်းစည်းမျဉ်းများ (Cilvil Service Regulations) ၃  ၁၈၈၀ ခုနှစ်၊ မြန်မာနိုင်ငံတော်ခိုင်ကြေးအက်ဥပဒေ ၄  ၁၉၅၁ ခုနှစ်၊ ရာဇဝတ်ဥပဒေပြင်ဆင်ချက်အက်ဥပဒေ ၅  ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (Anti-Corruption Law) ၆  မြန်မာနိုင်ငံ ခွင့်ပေးရေးနည်းဥပဒေများ (Burma Leave Rules) ၇  ၁၉၈၆ ခုနှစ်၊ လောင်းကစားဥပဒေ ပုဒ်မ ၄ ၈  မြန်မာပြည်ငွေတိုက်ခွဲ လက်စွဲဥပဒေ ၉  ၁၉၈၄ ခုနှစ်၊ ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးလက်စွဲ ၁၀  မူလအခြေခံနည်းဥပဒေများ (Fundamental Rules) ၁၁  ၁၈၇၈ ခုနှစ်၊ လက်နက်အက်ဥပဒေ…

Read Full News

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင့်သုံးနေသည့် ဥပဒေ/ နည်းဥပဒေများ

စဉ် အမည် ၁ The Upper Burma Land Revenue Manual ၂ The Burma Land Acquisition Manual ၃ The Burma Excise Act Volume 1 ၄ The Burma Excise Act Volume 2 ၅ ၁၈၉၅ ခုနှစ်၊ ကချင်တောင်တန်းသား မျိုးရိုးဆိုင်ရာစည်းမျဉ်း ၆ ၁၈၉၆ ခုနှစ်၊ ချင်းတောင်တန်းစည်းမျဉ်း ၇ ၁၉၂၆ ခုနှစ်၊ ခန္တီးလုံအုပ်ချုပ်ရေးအမိန့် ၈ ၁၉၂၆ ခုနှစ်၊ သောင်သွတ်နှင့် ဇင်္ဂလိန်းခန္တီး တရားဥပဒေနှင့် ရာဇဝတ်တရားစီရင်ရေးအမိန့် ၉ ၁၉၄၈ ခုနှစ်၊ ချင်းဝိသေသတိုင်း အက်ဥပဒေ ၁၀…

Read Full News

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်း

နိဒါန်း၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားဖြစ်စဉ်ကို ပြန်လည် လေ့လာရာတွင် ကိုယ်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ရှိစဉ်အခါကတည်းက နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားသည် မှူးကြီးမတ်ရာ၊ သေနာပတိ၊ မြို့စား၊ နယ်စား၊ ရွာစား စသည်တို့ကို မဏ္ဍိုင်ပြု၍ ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ထို့နောက် ဗြိတိသျှ ကိုလိုနီ နယ်ချဲ့တို့မှ မြန်မာနိုင်ငံကိုသိမ်းယူခဲ့ပြီး ၄င်းတို့အလိုကျ ကိုလိုနီစနစ်အုပ်ချုပ်ရေးကို သွတ်သွင်း အုပ်ချုပ်ခဲ့ပါသည်။ ထိုစဉ်ကပင် အုပ်ချုပ်ရေး ယန္တရားအား ပြည်ထဲရေး ဝန်ကြီးဌာန၊ ဝန်ထမ်းများကို မဏ္ဍိုင်ပြု၍ လည်ပတ်စေခဲ့ရာ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၊ အခွန်တော် ကောက်ခံရေး၊ စည်ပင်သာယာရေး၊ ဒေသဖွံဖြိုးရေး ကိစ္စများကို အစိုးရအဆက်ဆက်က တာဝန်ပေးအပ်သည့်အတိုင်း ဆောင်ရွက်ခဲ့ရ ပါသည်။ ကိုလိုနီခေတ်မြန်မာနိုင်ငံအုပ်ချုပ်ရေး၂။ ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား ၁၈၂၄ ခုနှစ်၊ ပထမအကြိမ် ကျူးကျော်စစ်ပွဲတွင် ရခိုင်နှင့်တနင်္သာရီကို…

Read Full News

ဒေါ်နန်းလှလှအေး

အမည် – ဒေါ်နန်းလှလှအေး လူမျိုး/ ဘာသာ – ရှမ်း/ ဗုဒ္ဓ ပညာအရည်အချင်း – LL.B, DBL စတင်တာဝန်ထမ်းဆောင်သည့်နေ့ – ၁၁-၃-၂၀၂၁ ရက်နေ့

Read Full News