မြစ်ကြီးနား သြဂုတ် ၈
ကချင်ပြည်နယ်အတွင်း ကြက်သားနှင့် ကြက်ဥစားသောက်မှု ဖူလုံစေရေးအတွက် မြစ်ကြီးနားမြို့၌ မျိုးကြက်မွေးမြူရေးလုပ်ငန်းစီမံကိန်းဖြင့် ကြက်သားဖောက်ခြင်းနှင့် တိရိစ္ဆာန်အစာကိုပါ ဒေသတွင်း၌ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် အမြန်ဆုံး ကြိုးစားအကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ပြုလုပ်ကျင်းပသည့် KT ကုမ္ပဏီနှင့် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ကြက်သားပေါက်နှင့် တိရိစ္ဆာန်အစာများကို မန္တလေးတိုင်းဒေသကြီးမှတစ်ဆင့်မှာယူမွေးမြူထုတ်လုပ်လျက်ရှိပြီး မန္တလေး-မြစ်ကြီးနားလမ်းပိုင်း အခြေအနေအရ ကြက်သားပေါက်များမှာယူရန် အခက်အခဲရှိနေသည့်အပြင် လမ်းခရီးကြန့်ကြာမှုများကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ အခြေစိုက် KT ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဒေသတွင်း လုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် ကျန်သည့်အသားများ ဖူလုံသော်လည်း ကြက်နှင့် ကြက်ဥ စားသုံးမှုတွင် ဖူလုံမှုရှိစေရန် လိုအပ်ချက်ရှိနေပါကြောင်း၊ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အချိန်တွင် ကြက်သားပေါက်ရရှိရန် ခက်ခဲလျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ ဒေသတွင်း၌သာ ကြက်သားပေါက်ထုတ်ယူဖြန့်ဖြူးနိုင်ရေးအတွက် ပထမအဆင့် အနေဖြင့် ကြိုးစားကြရမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် တိရိစ္ဆာန်အစာများကို ထုတ်လုပ်ဖြန့်ဖြူးနိုင်အောင် တစ်ဆင့်ခြင်း ကြိုးပမ်းအကောင် အထည်ဖော်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ KT ကုမ္ပဏီ ဥက္ကဋ္ဌ ဦးတင်ထွန်းဦးက မြစ်ကြီးနားမြို့၌ ကြက်သားပေါက်စက်များဖြင့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမည့် ကုန်ကျငွေကြေးပမာဏကို တင် ပြရာ တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လုပ်ငန်းရှင်များက အဆိုပါစီမံကိန်းအတွက် အကြံပြုသုံးသပ်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် အဆိုပါအစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏(၈/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများနှင့် ပတ်သက်ပြီး ဖမ်းဆီးမှုလျော့နည်းမှု မရှိစေရေးအတွက် ပြည်နယ်/ ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့ဝင်များအနေဖြင့် ပြည်နယ်အတွင်း တရားမဝင်သယ်ဆောင်သည့် လမ်းကြောင်းများအပြင် သိုလှောင်သည့် အဆောက်အဦ၊ ရောင်းချသည့်ဈေးဆိုင်များအထိ စစ်ဆေးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်သွားကြရေး၊ နိုင်ငံတော်မှရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာအပြည့်အဝရရှိရေး၊ ဆုံးရှုံးမှုမရှိစေရေး တရားမဝင်ကုန်သွယ်မှုများကို သတင်းဖော်ထုတ်စစ်ဆေးအရေးယူနိုင်ရန်လိုကြောင်း မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် အထူးအဖွဲ့ အဖွဲ့ဝင်များနှင့် ခရိုင်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများက ဒေသတွင်း တရားမဝင်ကုန်သွယ်မှုများ စုံစမ်းစစ်ဆေး၍ အရေးယူဆောင်ရွက်နေမှု အခြေအနေများနှင့် တရားမဝင်လမ်းကြောင်းများအား စစ်ဆေးအရေးယူ ဖမ်းဆီးဆောင်ရွက်သွားမည့် အစီအစဉ်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကြက်သားနှင့် ကြက်ဥစားသောက်မှု ဖူလုံစေရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ (၈/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းစည်းဝေးသို့တက်ရောက်