admin

မြစ်ကြီးနားမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက် သင်္ကြန်ပွဲတော်နှင့်အတူ ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်/ ဖျော်ဖြေရေးမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

မြစ်ကြီးနား     မတ် ၂၈           ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့တွင် မြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့်အတူ ပြည်နယ်အစိုးရ အဖွဲ့၏ ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်/ ဖျော်ဖြေရေးမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မတ် ၂၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။           အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုနှစ် တွင် ကျရောက်မည့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များနှင့်မတူ ပိုမို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့အစိုးရ အဖွဲ့တစ်ခုတည်းသာ မဟုတ်ဘဲ အားလုံးနှင့်သက်ဆိုင်သည့် ယဉ်ကျေးမှုပွဲတော်ဖြစ်သည့်အတွက် တက်ရောက်လာကြသည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ဂုဏ်ပြု၊ မြစ်ကြီးနားမြို့၌ တစ်နှစ်ပတ်လုံး သီးနှံစိုက်ခင်းများဖြင့် ပြည်နယ်၏ စိုက်ပျိုးရေးစံပြ စိုက်ကွင်းတစ်ခု အကောင်အထည်ဖော်နိုင်ရေး ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မတ် ၂၇           (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ မတ် ၂၇ ရက် နံနက် ၇ နာရီခွဲက တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ စစ်ရေးပြမှူးနှင့် စစ်ရေးပြတပ်ခွဲများက စစ်ကြောင်းပုံဖြင့် ချီတက်၍ စစ်ရေးပြ အစီအစဉ်များအတိုင်း ဆောင်ရွက်ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် တိုင်းစစ်ဌာချုပ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်နယ်များမှ တပ်ရင်း/တပ်ဖွဲ့မှူး များ၊ အရာရှိစစ်သည်မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သား များအား အလေးပြုကြသည်။           ဆက်လက်၍ တိုင်းမှူးက တပ်မတော်နေ့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြစ်ကြီးနားမြို့သို့ ဒုတိယဝင်ပေါက်ဖြစ်သည့် နန်ပေါင်လေယာဉ်ကွင်းရှောင်လမ်း အရှည်(၆)မိုင် (၃)ဖာလုံ ကွန်ကရစ်လမ်းသစ်ဖွင့်ပေး

မြစ်ကြီးနား     မတ် ၂၆           ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာ ရန်ပုံငွေကျပ် (၄၆၆၂ ဒဿမ ၅၈၈)သန်းဖြင့် ပြည်နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သော မြစ်ကြီးနားမြို့သို့ ဒုတိယဝင်ပေါက်လမ်းတစ်ခုဖြစ်သည့် နန်ပေါင်လေယာဉ်ကွင်းရှောင်လမ်း အရှည် (၆)မိုင် (၃)ဖာလုံ၊ (၂၄) ပေအကျယ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ် ၂၆ ရက် နံနက် ၈ နာရီခွဲက အဆိုပါလမ်းပိုင်းရှိ ရှဒေါင်ကျေးရွာလမ်းခွဲ၌ ကျင်းပပြုလုပ်သည်။           ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ဖွင့်လှစ်မည့် နန်ပေါင်လေယာဉ်ကွင်းရှောင်ကွင်းလမ်းသည် ရွှေဘို-မြစ်ကြီးနားလမ်းပေါ်မှတစ်ဆင့် မြစ်ကြီးနားမြို့ သို့ ဒုတိယဝင်ပေါက်လမ်းတစ်လမ်းဖြစ်သည့်အတွက် မော်တော်ယာဉ်များအနေဖြင့် မြစ်ကြီးနားမြို့သို့ ဝင်ရောက်ရာတွင် ယာဉ်ကြောကြပ်တည်းမှု…

Read More

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၌ ဒူဝါဇော်လွန် လမ်းနှင့် ဒူဝါဆန်ထဆင် ကတ္တရာလမ်းသစ်များဖွင့်လှစ်

မြစ်ကြီးနား     မတ် ၂၄           (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မြစ်ကြီးနား မြို့၌ ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပြီးစီးခဲ့သော တပ်ကုန်းရပ်ကွက်အတွင်းရှိ ဒူဝါဇော်လွန်လမ်း အရှည် ၁၂၃၀ ပေ၊ အကျယ် ၁၄ ပေလမ်းနှင့် ဒူဝါဆန်ထဆင်လမ်း အရှည် ၃၄၀၀ ပေ၊ အကျယ် ၁၄ ပေရှိ ကတ္တရာလမ်းသစ်များကို  မတ် ၂၄ ရက် နံနက် ၉ နာရီက အဆိုပါ လမ်းသစ်များ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ ဒူဝါဇော်လွန် ကတ္တရာလမ်းသစ်ဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၅၄ ဒသမ၂၃၀) သန်းဖြင့် ဒူဝါဇော်လွန်လမ်း အပါအဝင်…

Read More

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၌ အရှည်ပေ ၂၅၃၀ ရှိ ဒူဝါဇော်ရစ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်လှစ်

မြစ်ကြီးနား     မတ် ၂၃           (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မြစ်ကြီးနား မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပြီးစီးခဲ့သော စီတာပူရပ်ကွက်အတွင်းရှိ ဒူဝါ ဇော်ရစ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲကို မတ် ၂၃ ရက် နံနက် ၉ နာရီက အဆိုပါ လမ်းသစ်၌ ကျင်းပပြုလုပ် ခဲ့ကြသည်။           ရှေးဦးစွာ ကတ္တရာလမ်းသစ်ဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက ယနေ့ ဖွင့်လှစ်မည့် ဒူဝါဇော်ရစ်လမ်း အပါအဝင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လမ်းတံတား လုပ်ငန်းများဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး လမ်းသစ်အား တာဝန်ယူဆောင်ရွက်ခဲ့သော White Monolith ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက လမ်းလုပ် ငန်းဆိုင်ရာများကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီနားမြို့ပေါ်ရှိ ယာယီခိုလှုံရာစခန်း(၄)ခုတို့မှ မူလနေရပ်သို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ၊ ဆီ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့

မြစ်ကြီးနား     မတ် ၂၁           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်း(၄)ခုမှ မူလနေရပ်ကျေးရွာ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်ကြမည့် အိမ်ထောင်စုများ အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်ရိက္ခာ၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို  မတ် ၂၁ ရက် နံနက် ၇ နာရီခွဲက ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက အဆိုပါ ယာယီခိုလှုံရာစခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း မန်ခိန်နှစ်ခြင်းကယ်ဆယ်ရေးစခန်း၌ စခန်းတာဝန်ခံများ၊ အိမ်ထောင်စုများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မူလနေရပ် ဝိုင်းမော် မြို့နယ် ကဇူးယန်ကျေးရွာနှင့် ဒဘတ်ယန်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား မိမိတို့အစိုးရအဖွဲ့အနေဖြင့် လတ်တလောနေထိုင်စားသောက်မှု…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ‌မြစ်ကြီးနားမြို့၌ အားကစားနည်း ၁၉ မျိုး၊ သင်တန်းသားဦးရေ ၁၈၀၀ ကျော်ဖြင့် ဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ်၊ နွေရာသီအခြေခံအားကစား သင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     မတ် ၂၀           လူထုအားလုံး ပါဝင်လှုပ်ရှားသည့် လူထုအားကစားမှ တစ်ဆင့် ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရန်နှင့်နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဝါသနာပါရာ အားကစားနည်းကို အခြေခံမှ စ၍ စနစ်တကျသင်ကြားတတ်မြောက်လာစေရန်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲကို မတ် ၂၀ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။           ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ယနေ့သင်တန်းတွင် အားကစား ပြုလုပ်ခြင်းကို ပျော်ရွှင်ခြင်းမှတစ်ဆင့် ဝါသနာပါရာအားကစားနည်းများ၏ အခြေခံများကို စနစ် တကျသင်ကြားပေးရန် သာမက သင်တန်းသားလူငယ်မောင်မယ်များအား အချိန်ကိုလေးစားတတ် ခြင်း၊ စည်းကမ်းလိုက်နာတတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်းအားဖြင့် မိမိတို့ပြည်နယ်၊ မိမိတို့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြစ်ကြီးနားမြို့၌ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံသစ်ဖွင့်ပွဲများ နှင့် အာရှဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြုဖူဆယ်နည်းပြသင်တန်းဆင်းပွဲသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၁၉           ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြစ်ကြီးနားမြို့၌ ဂေါက်သီးရိုက် ပြိုင်ပွဲ ၊ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံသစ်ဖွင့်ပွဲများကို မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားများသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။           ရှေးဦးစွာ မတ် ၁၈ ရက် နံနက် ၆ နာရီခွဲက (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို Northern Star ဂေါက်ကလပ်၌ ကျင်းပပြုလုပ်ရာ ဂေါက်သီးရိုက်ပြိုင်ပွဲ စတင်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သော အိမ်ထောင်စု လူဦးရေစာရင်းများအား e-ID စနစ်ဖြင့် စိစစ်တိုက်ဆိုင်ရေးသွင်းနေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မတ် ၁၈           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ကြီးမှူး၍ ပြည်နယ်အတွင်းရှိ လူဦးရေနှင့် အိမ်ထောင်စုစာရင်းများကို မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်း e-ID ရေးသွင်းဆောင်ရွက်နေသည့် အရာထမ်း၊ အမှုထမ်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၁၇ ရက် ညနေ ၃ နာရီခွဲက လိုက်လံကြည့်ရှုအားပေးခဲ့သည်။           ထို့သို့  e-ID စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ မြို့နယ်(၁၈)မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာ အုပ်စု၊ ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းများ အား စိစစ်တိုက်ဆိုင်၍ e-ID…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး မြစ်ကြီးနားမြို့ပေါ်ရှိ MSMEs လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မတ် ၁၇           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ပြည်နယ်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဒေသတွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြှင့်မားလာ စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၁၆ ရက် ညနေ ၃ နာရီ က မြစ်ကြီးနားမြို့တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီနားမြို့ စက်မှုဇုန်ရပ်ကွက်ရှိ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်း၌ ပြည်နယ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် နှစ်ဖက်ချော စက္ကူထုတ်လုပ်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ပေးမှုဖြင့် စက္ကူထုတ်စက်တပ်ဆင် ဆောင်ရွက်နေမှုအခြေအနေများ၊ စွန့်ပစ်ပစ္စည်းကုန်ကြမ်းများဖြင့် ဆောင်ရွက်သွားမည့် အခြေအနေ များကို…

Read More