ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စိုက်ပျိုးရေး သိပ္ပံကျောင်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မေ ၂၀           ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် မြစ်ကြီးနား စိုက်ပျိုးရေးသိပ္ပံကျောင်း ဖွင့်လှစ်ရေးတို့အတွက် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မေ ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။           ကချင်ပြည်နယ်၏စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့်ပတ်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးကို အခြေခံပြီး ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ရေးဟု လမ်းညွှန်မှုပြုထားပြီးဖြစ်သည့်အတွက် ပြည်နယ်အတွင်း ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးထုတ်ကုန် နှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်းနှင့် စိုက်ပျိုးရေးအသိပညာနှင့် အတတ်ပညာဖြန့်ဝေရာ စိုက်ပျိုးရေးသိပ္ပံကျောင်းဖွင့်လှစ် သင်ကြားနိုင်ရေးကိုလည်း မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မေ ၁၉           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်အတွင်းအခြေခံပညာကျောင်း များအေးချမ်းတည်ငြိမ်စွာဖွင့်လှစ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ဌာန ဆိုင်ရာအဖွဲ့အစည်းများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။           ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည် ချက် (၉)ရပ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး ပညာ‌ရည်မြင့်မားရေးဟု ပါရှိသည့်အတွက် အနာဂတ်လူငယ်လူရွယ်များ၏ ပညာရေးဖွံ့ဖြိုးမှု နောက်မကျစေ‌ရေးအတွက် ကျောင်းများအေး ချမ်းတည်ငြိမ်စွာဖွင့်လှစ်၍ ပညာသင်ကြားခွင့်ရရှိရေးကို ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ ယခင်နှစ်များတွင် ပုံမှန်အတိုင်း ဖွင့်လှစ်ဆောင် ရွက်လေ့ရှိသော်လည်း ယနေ့ကာလအခြေအနေအရ ကျောင်းသားများ၊ မိဘများ၊ ဆရာ၊ ဆရာမ များ၏ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာပါ လုံခြုံစိတ်ချမှုရှိစေရန် လုံခြုံရေးဆိုင်ရာများ အပြည့်အဝဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အဓိကအားဖြင့် ကျောင်းသား/ ကျောင်းသူများ၊ [&Read More