ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး/ စာရေးကိရိယာများနှင့် ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန် များထောက်ပံ့ပေးအပ်၊ J2A အထည်ချုပ်နှင့် တံဆိပ်ရိုက်လုပ်ငန်းအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇူလိုင် ၁၀ ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုး တက်ပြီး သန့်ရှင်းသာယာလှပလာစေကာ စနစ်ကျသော လူနေမှုပတ်ဝန်ကျင်ကောင်းများဖြစ်ပေါ်လာ စေရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ဝန်ထမ်းများ အတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၁၀ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ပြည်သူ လူထုနှင့် တိုက်ရိုက်ဆက်ဆံရပြီး ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်ပါကြောင်း၊ မြို့ပြများ သန့်ရှင်း သာယာလှပရေးအတွက် အဓိကတာန်ရှိသည်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကိုလည်း အသိအမှတ်ပြုဂုဏ်ယူသည့်အနေဖြင့် ယနေ့အခမ်းအနားတွင် ဝန်ထမ်းသားသမီးများအား ပညာ စရိတ်ထောက်ပံ့ကြေးနှင့် အရာထမ်း၊ အမှုထမ်းများနှင့် နေ့စားဝန်ထမ်း စုစုပေါင်း (၄၀၀)…