ကချင်ပြည်နယ်အတွင်း အရည်အသွေးပြည့်ဝမှန်ကန်သော စာရင်းအချက်အလက်‌ကောက်ယူရေးနှင့် ခရိုင်၊ မြို့နယ်များ၏ ဒေသန္တရစီမံကိန်းလုပ်ငန်းများအဆိုပြုလျာထားရေးဆွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်း အရည်အသွေးပြည့်ဝမှန်ကန်သော စာရင်းအချက်အလက်‌ကောက်ယူရေးနှင့် ခရိုင်၊ မြို့နယ်များ၏ ဒေသန္တရစီမံကိန်းလုပ်ငန်းများအဆိုပြုလျာထားရေးဆွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မေ ၂၆

          ကချင်ပြည်နယ်အတွင်း အရည်အသွေးပြည့်ဝမှန်ကန်သော စာရင်းအချက်အလက်ကောက်ယူ ရရှိရေးနှင့် ၂၀၂၁ – ၂၀၂၂ ဒေသန္တရစီမံကိန်းလုပ်ငန်းများဆိုင်ရာ အဆိုပြုလျာထားရေးဆွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို မေ ၂၇ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမများ၌ ကျင်းပပြု လုပ်ကြသည်။

          ရှေးဦးစွာ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မေခခန်းမ၌ ပြည်နယ်စာရင်း အင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝ‌ရေးကော်မတီအစည်းအဝေး ကျင်းပရာ ပြည်နယ်စာရင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်က တိကျမှန်ကန်သည့် စာရင်းအင်း အချက်အလက်များ၊ ကိန်းဂဏန်းများအပေါ် အခြေခံ၍ ပြည်နယ်၏ လိုအပ်ချက်များနှင့် လိုက်လျော ညီထွေဖြစ်စေမည့် လက်တွေ့ကျသည့် စီမံကိန်းများဖြစ်ပေါ်လာစေရန် ဌာနဆိုင်ရာများအနေဖြင့် မိမိ ဌာန၏ မြေပြင်စာရင်းများနှင့် အမှန်တကယ်ကိုက်ညီပြီး မှန်ကန်၍ အရည်အသွေးပြည့်ဝသော စာရင်း များဖြစ်စေရေး အလေးထားဆောင်ရွက်သွားကြရန်နှင့် လက်တွေ့ကျကျပူးပေါင်းပါဝင်ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့ ပြည်နယ်တာဝန်ခံ ဦးမြင့်မောင်မောင်က ဗဟိုစာရင်းအင်းအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် စာရင်းအင်းအချက်အလက် ကောက်ယူထုတ်ပြန်နိုင်ခဲ့မှုအခြေအနေများ၊ စာရင်းအင်းမှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝ‌ရေးတို့ အတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက မှန်ကန်၍ အရည်အသေွး ပြည့်ဝသော စာရင်းများဖြစ်စေရေးနှင့် မြေပြင်အခြေအနေနှင့် စာရင်းလွဲမှားမှုများ ဖြစ်ပေါ်နိုင်သည့် အခြေအနေများ သုံးသပ်ဆွေးနွေးပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများက စာရင်းအင်းများ ပေးပို့နိုင်ရေးနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

          ထို့နောက် အစည်းအဝေးခန်းမ(၂)၌ ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံလုပ်ငန်းများ အဆိုပြုလျာထားရေးဆွဲထားရှိမှုများနှင့် ပတ်သက်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စီမံကိန်းဦးစီးရုံးမှ တာဝန် ခံများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်နယ်စီမံကိန်းဦးစီးမှူး၊ ညွှန်ကြား ရေးမှူး ဒေါ်ဟန်အေး ဦးဆောင်၍  ခရိုင်စီမံကိန်းဦးစီးမှူးများက ခရိုင်၊ မြို့နယ်များအလိုက် ကချင်ပြည် နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏  ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက် မည့် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းများအတွက် အဆိုပြုလျာထားရေးဆွဲထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က မြို့နယ်များ၏မြေပြင် တွင် အမှန်တကယ် ပြည်သူ့အတွက် လိုအပ်မည့် အဓိကစီမံကိန်းလုပ်ငန်းများကိုသာ ဦးစားပေးရေးဆွဲ တင်ပြသွားရေး၊ စီမံကိန်းလုပ်ငန်းများရေးဆွဲရာတွင်လည်း နယ်မြေအခြေအနေအပေါ်မူတည်၍ မြေပြင် တွင် အမှန်တကယ်ဆောင်ရွက်နိုင်ပြီး အကျိုးရှိသည့် စီမံကိန်းလုပ်ငန်းများဖြစ်ပေါ်လာစေရေးအတွက် စဉ်းစားသုံးသပ်ပြီး သက်ဆိုင်ရာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ညှိနှိုင်းပေါင်းစပ်၍ ရေးဆွဲ ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။