ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆွမ်ပရာဘွမ်မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား အောက်တိုဘာ ၂၆ မြစ်ကြီးနားနှင့် ပူတာအိုခရိုင်ချင်းဆက်လမ်းဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် မြစ်ကြီးနား -ဆွမ်ပရာဘွမ်-ပူတာအိုလမ်း၌ မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပိုင်းအတွင်း လမ်းလုပ်ငန်းများဆောင်ရွက်နေမှု နှင့် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၂၃ ၊ ၂၄ ရက်တို့တွင် သွား ရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့မှ ဆွမ်ပရာဘွမ်မြို့နယ်သို့ မော်တော်ယာဉ်တန်းဖြင့် ထွက်ခွာခဲ့ပြီး မြစ်ကြီးနား – ဆွမ်ပရာဘွမ် လမ်းပိုင်း (၁၃၂)မိုင်အတွက် မိုင်တိုင်အမှတ် (၆၀/၅)တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်း (၉၄) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် […]Read More