ကချင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်၊ လက်ရက်ကန်းနှင့်သဘာဝဆိုးဆေးသင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး
မြစ်ကြီးနား ဇန်နဝါရီ ၂၄ &Read More
မြစ်ကြီးနား ဇန်နဝါရီ ၂၄ &Read More
ပူတာအို ဇန်နဝါရီ ၂၆ မြန်မာပြည်မြောက်ဖျား ဝေးလံခက်ခဲ့သည့် ခေါင်လန်ဖူးဒေသအတွင်း လမ်းများဖောက် လုပ်ပြီးစီးမှုနှင့်မြို့နယ်ဖွံ့ဖြိုးတိုးတက်လာရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပူတာအိုမြို့မှ တစ်ဆင့် ခေါင်လန်ဖူးမြို့နယ်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ &Read More
ပူတာအို ဇန်နဝါရီ ၂၂ မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၂ ရက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ &Read More
မြစ်ကြီးနား ဇန်နဝါရီ ၂၁ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်၈နာရီ အချိန်က မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းသား/သူ အိပ်ဆောင်(၂)ထပ် နှင့် ထမင်းစားဆောင် ဆောက်လုပ်ခြင်း အတွက် ပန္နက်တင် အခမ်းအနားသို့ တက်ရောက်သည်။ ဦးစွာ ပြည်နယ်ဝန်ကြီးသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ရှိ ပါမောက္ခ၊ဌာနမှူးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ နှုတ်ဆက်စကား ပြောကြားသည်။ ယင်းနောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ၊နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးနှင့် တာဝန်ရှိသူ များသည် ကျောင်းသား/သူအိပ်ဆောင်နှင့် ထမင်းစားဆောင် အဆောက်အဦ ဆောက်လုပ်နိုင်ရန် အတွက် ပန္နက်ရိုက် တင်ပေးပြီး အမွှေးနံ့သာ ရေများ ပတ်ဖြန်းပေးခဲ့သည်။ အဆိုပါ ကျောင်းသား/သူ […]Read More
မြစ်ကြီးနား ဇန်နဝါရီ ၂၁ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်အတွင်း လမ်းများခင်းကျင်း ဆောင်ရွက်ပေး နိုင်ရေးအတွက် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၈နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ &Read More
မြစ်ကြီးနား ဇန်နဝါရီ ၂ဝ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဇန်နဝါရီလ ၂ဝ ရက်နေ့ နံနက် ၁ဝနာရီခွဲ အချိန်က စီတာပူ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါကာကွယ်ဆေးထိုးနှံပေးမှုအား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့်အတူ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်တို့က စီတာပူရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်း၏ ဝိုင်းဝန်းကူညီမှုဖြင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၏ ကာကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှုအားပေးကာ ကာကွယ်ဆေးလာရောက်ထိုးနှံသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားပြီး နှာခေါင်းစည်း Mask များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ကာကွယ်ဆေး […]Read More
မြစ်ကြီးနား ဇန်နဝါရီ ၁၉ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင် များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်ထောင်စုနေ့ သည် မိမိတို့ နိုင်ငံအတွက် အရေးကြီးသည့် အခမ်းအနားတစ်ခုဖြစ်သည့်အတွက် မိမိတို့ ပြည်နယ် တွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် အခမ်းအနား တွင်လည်း ပြည်နယ်ကိုယ်စားပြု အလှပြယာဉ်များ ပါဝင်ပြသသွားမည်ဖြစ်ရာ အားလုံးက ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန်လိုကြောင်း၊ သို့ဖြစ်ပါ၍ ဆပ်ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့အား ပေးအပ်ထားသည့် [&Read More
မြစ်ကြီးနား ဇန်နဝါရီ ၁၈ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၌ ရေကူးပြေးလမ်း ၁၀ လမ်းပါ ရေကူးကန်တည်ဆောက်နေမှု၊ ရိုးရာဂျပ်ခုတ်သင်တန်းကျောင်း ပြုပြင်ဆောင်ရွက်နိုင်ရေး နှင့် လေဆိပ်ရှေ့ပန်းခြံဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲ တွင် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦး စီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရေကူးပြေးလမ်း ၁၀ လမ်းပါ (အလျား ၅၀ မီတာ၊ အနံ ၂၅ မီတာ) ရှိ ရေကူးကန်တည်ဆောက်နေမှုလုပ်ငန်းခွင်အတွင်း ပွဲကြည့်စင်ဆောက်လုပ်နေမှု၊ အမိုးဒိုင်းများ တည်ဆောက်ထားရှိမှုအခြေအနေတို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် က စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီအောင် ဆောက်လုပ်သွားရေး တာဝန်ရှိသူများအားမှာ ကြားခဲ့သည်။ [&Read More
မြစ်ကြီးနား ဇန်နဝါရီ ၁၃ ကချင်ပြည်နယ် ကန်ပိုက်တီဂိတ်မှ တစ်ဆင့် မြန်မာ – တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်း များ ပိုမိုချောမွေ့လျင်မြန်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြန်မာ-တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ &Read More
မြစ်ကြီးနား ဇန်နဝါရီ ၁၂ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ အခမ်းအနားတွင် နေပြည်တော်၌ ဗိုလ်ရှုသဘင်အခမ်းအနားအတွက် ကချင်ပြည်နယ် မှ ဆင်ယင်ပြသသွားမည့် အလှပြယာဉ် (၃)စီးအတွက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သည့် ဝန်ထမ်းများအား တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ &Read More
Visit Today : 13 |
Visit Yesterday : 158 |
Total Visit : 116650 |
Who's Online : 2 |