ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပူတာအိုဒေသအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ရဝမ်ရိုးရာယဉ်ကျေးမှုပြတိုက် ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပူတာအိုဒေသအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ရဝမ်ရိုးရာယဉ်ကျေးမှုပြတိုက် ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ပူတာအို         ဇန်နဝါရီ ၂၂

          မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၂ ရက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ မြို့နယ် အတွင်းရှိ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပွဲပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်များဖြစ်သည့် လမ်း၊ တံတားတည် ဆောက်ရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ပူတာအို ဒေသတွင်း ဆန်ရိက္ခာဖူလုံရေးအတွက် မျိုးကောင်းမျိုးသန့်စပါးမျိုးများ ဖြန့်ဝေပေးသွားမည့် အစီအ စဉ်များနှင့် ဒေသထွက်ကုန်အဖြစ် ဆီမုန်ညှင်းနှင့် ပဲပုတ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ သီးထပ်သီးနှံ များ နည်းစနစ်ကျစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည့်အစီအမံများကို ရှင်းလင်းပြော ကြားပြီး ပူတာအိုဒေသအား နောက်သုံးနှစ်အတွင်း စားနပ်ရိက္ခာဖူလုံပြီး ဖွံ့ဖြိုးတိုးတက်သည့် ခရိုင် တစ်ခုဖြစ်လာစေရေး ဌာနဆိုင်ရာများ ဒေသခံပြည်သူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က နှုတ်ခွန်းဆက်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်အတွင်း စပါးအထွက်နှုန်း လေလွင့် ဆုံးရှုံးမှု လျော့ကျစေရေးအတွက် ရိတ်သိမ်းချွေလှေ့စက်အား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနထံ လွှဲပြောင်းပေးအပ်ကာ ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ ခရိုင်အတွင်းရှိ မြို့နယ် များအလိုက် ဒေသခံတောင်သူများအတွက် မျိုးကောင်းမျိုးသန့်မျိုးစပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆင်းဧကရီ-၃ မျိုးစပါး ၁၅ အိတ်နှင့် ယူရီးယားပုလဲဓာတ်မြေသြဇာ ၁၅ အိတ်တို့ကို ထောက်ပံ့ပေး အပ်ခဲ့ကြပြီး လွှဲပြောင်းပေးအပ်ခဲ့သည့် ရိတ်သိမ်းချွေလှေ့စက်စမ်းသပ်မောင်းနှင်ပြသမှုကို ကြည့်ရှု အားပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ် ပန်းလှိုင်ရပ်ကွက်အတွင်း ဒေသတွင်း ဟင်းသီးဟင်း ရွက်စိုက်ပျိုးရောင်းချနေသူများနှင့် သွားရောက်တွေ့ဆုံအားပေးကြကာ တောင်သူဦးစောနွဲ့ရွှေဘုံ ၏ နေအိမ်ခြံဝင်းအတွင်း စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ခြံထွက်သီးနှံစိုက်ခင်း များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု၊ EM ဘိုကာရှီမြေဆွေးပြုလုပ်အသုံးချနေမှု အခြေအနေများ နှင့် တောင်သူများအတွက် ဓာတ်မြေသြဇာ(၁၅)အိတ်ပံ့ပိုးထားရှိမှုအခြေအနေတို့ကို ကြည့်ရှုအား ပေးခဲ့ကြပြီး အဆိုပါရပ်ကွက်အတွင်း တောင်သူများအတွက် ပြည်နယ်ဝန်ကြီးချုပ်မှ ပံ့ပိုးထားခဲ့ သည့် ပန်းအာလူးမျိုးစေ့ (၁၀)ပိဿာအား စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေကို အာလူး ခင်းအတွင်း တောင်သူများနှင့်အတူ အာလူးတူးဖော်ရိတ်သိမ်းခြင်းကို တစ်ပျော်တစ်ပါးဆောင်ရွက် ခဲ့ကြကာ တောင်သူများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် မြို့မရပ်ကွက်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် သန့်ရှင်းသာယာ လှပလာစေရေး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် လမ်းဘေးဝဲ/ယာအလှပန်းပင်များ အရိပ်ရပင်များ စနစ်တကျစိုက်ပျိုးနိုင်ရေး စစ်ဆေးကြည့်ရှုခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်‌‌‌ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများအတွက် ဟင်းသီး ဟင်းရွက်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ရှိ ရဝမ်ရိုးရာယဉ်ကျေးမှုကွင်းအ တွင်း၌ တည်ဆောက်ပြီးစီးခဲ့သော ရဝမ်ရိုးရာယဉ်ကျေးမှုပြတိုက်သို့ သွားရောက်ပြီး ယဉ်ကျေးမှု ပြတိုက်အတွင်း ရှေးရဝမ်တိုင်းရင်းသားတို့၏ အသုံးအဆောင်ပစ္စည်းများ၊ အိုးခွက်ပန်းကန်များ၊ ရိုးရာတူရိယာများ၊ လက်နက်ကိရိယာများ ပြင်ဆင်ခင်းကျင်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ် ဆေးခဲ့ကြကာ ပြတိုက်အတွင်း ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရဝမ်တိုင်းရင်းတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို နှောင်းလူများအတွက် လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရေး၊ ဘိုးဘွားများ၏ အမွေအနှစ်များကို ဖော် ထုတ်ပြသထိန်းသိမ်းထားသည့် ယဉ်ကျေးမှုပြတိုက်ကို ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ ကြပြီး ဖွင့်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှု များကို လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ပြတိုက်အတွင်း ခင်းကျင်း ဆင်ယင် ပြသမှုလုပ်ငန်းများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ဆက်လက်၍ ရဝမ်ရိုးရာယဉ်ကျေးမှုကွင်းအတွင်း လမ်းခင်းကျင်းဆောင်ရွက်ပြီးစီးမှုအခြေ အနေများ၊ ဖုန်ကန်ရာဇီခန်းမ ပြုပြင်ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် ရဝမ်မနောတိုင်များ ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့မှတစ်ဆင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ပူတာအိုမြို့တွင်း လမ်းပိုင်း (၁.၃)ကီ လိုမီတာအား ၂၄ ပေအကျယ် AC ကတ္တရာလမ်းခင်းကျင်းဆောင်ရွက်နိုင်‌ရေး လမ်းသားတိုးချဲ့ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပူတာအိုလေဆိပ်ဝင်းအတွင်း သန့်ရှင်းသာယာ‌လှပ‌ရေး အလှ ပန်းပင်များ၊ မြေယာရှုခင်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လေဆိပ်လုံခြုံရေးအိမ်ယာ ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့တွင်း ကောင်ကထောင် ရပ်ကွက်ရှိ  ဗျူဟာလမ်း ၁.၃ ကီလိုမီတာနှင့် အနော်ရထာလမ်း အောက်ချိုင့်လမ်းဆုံနေရာမှ မြို့တော်ခန်းမအထိ ၂၄ ပေ အကျယ် AC ကတ္တရာခင်းကျင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက် ပူတာအိုမြို့ စုပေါင်းရုံးတည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ခဲ့ကြပြီး စုပေါင်းရုံးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လို အပ်သည်များကို ဌာနဆိုင်ရာများ၊ တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီလုပ်ငန်းရှင်များအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။