ကချင်ပြည်နယ်ဝန်ကြီးချုပ်က စီတာပူရပ်ကွက်အတွင်းရှိ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးကာ နှာခေါင်းစည်းMaskများနှင့်ထောက်ပံ့ငွေများ ပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က စီတာပူရပ်ကွက်အတွင်းရှိ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးကာ နှာခေါင်းစည်းMaskများနှင့်ထောက်ပံ့ငွေများ ပေးအပ်

မြစ်ကြီးနား           ဇန်နဝါရီ ၂ဝ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဇန်နဝါရီလ ၂ဝ ရက်နေ့ နံနက် ၁ဝနာရီခွဲ အချိန်က စီတာပူ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

          အဆိုပါကာကွယ်ဆေးထိုးနှံပေးမှုအား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့်အတူ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်တို့က စီတာပူရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖောင်‌ဒေးရှင်း၏ ဝိုင်းဝန်းကူညီမှုဖြင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၏ ကာကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှုအားပေးကာ ကာကွယ်ဆေးလာရောက်ထိုးနှံသော ‌ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားပြီး နှာခေါင်းစည်း Mask များကို အခမဲ့ ဖြန့်‌ဝေပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိသော ကျန်းမာရေး ဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။