ဒုတိယသမ္မတ ဦးမြင့်ဆွေ ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲသုတေသနဓာတ်ခွဲခန်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးပညာပေးပြခန်းနှင့် မဂွေဇ – ခေါင်လန်ဖူးလမ်း ဖောက်လုပ်နေမှုအားကြည့်ရှုစစ်ဆေး
ပူတာအို ဇန်နဝါရီ ၂၉ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ကချင် ပြည်နယ်၊ ပူတာအိုမြို့သို့ရောက်ရှိရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ထို့နောက် ဒုတိယသမ္မတ သည် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူးရုံး သို့ရောက်ရှိပြီး ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲသုတေသနဓာတ်ခွဲခန်းနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်း သိမ်းရေးပညာပေးပြခန်း တို့ကို ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာညီညီကျော်နှင့် တောအုပ်ကြီး ဒေါ်အယ်လ်ကေစီယွန်း တို့က ရှင်းလင်းတင်ပြကြ…