ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဒီဇင်ဘာ ၁၆ ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်မြန်မာ့ရိုးရာသိုင်းဆပ် ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်း သင်တန်းဖွင့်ပွဲအခမ်းနားကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီတွင် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပ ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြသည်။ မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာ့သိုင်း အားကစားနည်းသည် မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် ဇာတိမာန်စိတ်ဓာတ်ဖြင့် အဓိကဖော်ကျူးပြသသည့် အားကစားနည်းဖြစ်ကြောင်း၊ ကချင်ပြည်နယ်အနေဖြင့် မြန်မာ့သိုင်းအားကစားနည်းတွင်လည်း တံခွန်စိုက်ဒိုင်းများစွာ ဆွတ်ခူးနိုင်ခဲ့သည့် အစဉ်အလာကောင်းခဲ့သည့်&Read More