ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင့်ရှ ဘာသာရေးအဖွဲ့အစည်းများထံ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး အစီအစဉ်တွင် ပူးပေါင်းပါကြရေး တိုက်တွန်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင့်ရှ ဘာသာရေးအဖွဲ့အစည်းများထံ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး အစီအစဉ်တွင် ပူးပေါင်းပါကြရေး တိုက်တွန်းဆွေးနွေး

ဗန်းမော်         ဒီဇင်ဘာ ၁၁

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် ဗန်းမော်မြို့သို့ ရောက်ရှိပြီး ပရိယတ္တိစာသင်တိုက်များ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် သွားရောက်တွေ့ဆုံလှူဒါန်းခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် တပ်မ(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကွဲရေးမှူး ဗိုလ်မှူးကြီးကျော်သူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့၊ ခွန်သာရပ်ကွက် မြို့လေးထပ်ပရိယတ္တိစာသင် တိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထု ငွေကျပ် ၂ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး အစီအစဉ်တွင်း ကျောင်းနေသံဃာတော်များ၊ ကျောင်းသားများအား ပြည့်မီစွာထိုးနှံပေးနိုင်ရေး လျှောက်ထားတင် ပြပြီး လိုအပ်ချက်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မင်းကုန်းရပ်ကွက်ရှိ သီရိမင်္ဂလာကန်ဦးပရိယတ္တိ စာသင်တိုက်၊ သိမ်တော်ကြီးပရိယတ္တိစာသင်တိုက်တို့ကို သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် တို့အား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေကျပ် ၂ သိန်းစီကို ပေးအပ်လှူဒါန်း ခဲ့ကြသည်။

          အလားတူ ဗန်းမော်မြို့ ကတ်သလစ်အသင်းတော် ဘုန်းတော်ကြီးရုံးနှင့် ဗန်းမော်ခရိုင် နှစ်ခြင်းခရစ်ယာန်အသင်းချုပ်တို့မှ ဘာသာရေးခေါင်းဆောင်များကို သွားရောက်တွေ့ဆုံပြီး ပြည် နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ပြည်သူများအားလုံးပူးပေါင်းပါဝင်ထိုးနှံစေရေး ဘာသာ ရေးအဖွဲ့များအနေဖြင့် ပူးပေါင်းပါဝင် တိုက်တွန်းနှိုးဆော်ပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကာ အသင်းတော်များအတွက် ခရစ်စမတ်လက်ဆောင် လှူဖွယ်ပစ္စည်းများနှင့် ငွေကျပ် ၂ သိန်းစီကို ပေးအပ်လှူဒါန်းခဲ့ကြသည်။