ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားလေဆိပ်၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေးစီမံချက်ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား၊ ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့၏ ဈေးရောင်းပွဲတော်နှင့် ဗန်းမော်တက္ကသိုလ်ဝန်ထမ်းများနှင့် ယာယီတိမ်းရှောင်အိမ်ထောင်စုများအား ထောက်ပံ့
မြစ်ကြီးနား ဇန်နဝါရီ ၁၆ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် မြစ်ကြီးနားလေဆိပ်တို့ ပူးပေါင်း၍ လေဆိပ်မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေးစီမံချက်ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားလေဆိပ်အဆောက်အအုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ လေဆိပ်ခန်းမဆောင်၌ လေဆိပ်ဝန်ထမ်းများနှင့် လေဆိပ်တာဝန်ကျဝန်ထမ်းများအား ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဇော်ဦးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ မီးငြိမ်းသတ်ရေးနည်းလမ်းများ၊ လျှပ်စစ်မီးလောင်မှုအကြောင်း၊ ရုံးများတွင် ထားရှိရမည့် မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ မီးသတ်ဆေးဗူးအမျိုးအစားအလိုက် မီးငြှိမ်းသတ်နိုင်သည့် နည်းလမ်းများ၊ လေဆိပ်များတွင် မီးဘေးကြိုတင် ကာကွယ်ရေးအကြုံပြုတင်ပြချက်များနှင့် ရှောင်ရန်အချက်အလက်များကို ပါဝါပွိုင့်ဖြင့် အသိပညာပေးဟောပြောခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လေဆိပ်မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်သွားရမည့် နည်းလမ်းများအား သုံးသပ်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြသည်။ ထို့နောက်…