ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းနည်း အခြေခံသင်တန်းဆင်းပွဲ(၁/၂၀၂၆) တက်ရောက်၍ သင်တန်းဆင်းလက်မှတ်များ ဂုဏ်ပြုပေးအပ်
မြစ်ကြီးနား ဖေဖော်ဝါရီ ၅ ဒေသတွင်းစက်သုံးဆီအရောင်းဆိုင်များတွင်စက်သုံးဆီများ ကိုင်တွယ်တာဝန်ထမ်းဆောင်ရသည့် ဝန်ထမ်းများအား အန္တရာယ်ကင်းရှင်းစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းနည်း အခြေခံသင်တန်းဆင်းပွဲ (၁/၂၀၂၆)ကို မြစ်ကြီးနားမြို့ရှိ ရေနံနှင့်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရှံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးက ယခုသင်တန်းသည် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများ ကိုင်တွယ်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ မီးဘေးအန္တရာယ်နှင့်မတော်တဆမှု ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် သတိပြုလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို စနစ်တကျဆောင်ရွက်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ဒါ့အပြင် ယခုလို အန္တရာယ်များသည့် စက်သုံးဆီများကို ကိုင်တွယ်ရတဲ့ ဝန်ထမ်းများအနေဖြင့် အဖိုးတန်လှသည့် စက်သုံးဆီများ အလေအလွင့်မရှိစေရေး၊စက်သုံးဆီသုံးစွဲသူများထံ…