ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ မိုးကောင်းမြို့နယ်အသင်းဗိုလ်စွဲ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဂုဏ်ပြုဆုများချီးမြှင့်

မြစ်ကြီးနား     စက်တင်ဘာ ၁           ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို မြို့နယ်ပေါင်းစုံမှ ‌ဘောလုံးအသင်း (၁၀)ဖြင့် ပြည်နယ်ပြည်သူ့အားကစားကွင်း အတွင်း သြဂုတ် ၂၁ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ရာ သြဂုတ် ၃၁ ရက် ညနေ ၃ နာရီက နောက်ဆုံး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။           နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် နောင်မွန်မြို့နယ်အသင်းနှင့် မိုးကောင်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင်ဦးတူးဂျာ၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီးအားကစားဆပ်ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံ ဘောလုံးဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြရာ မိုးကောင်းမြို့နယ်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။           ထို့နောက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် သီးနှံတင်မော်တော်ယာဉ်များ စနစ်တကျဖြင့် စိစစ်‌ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၃၁           ကချင်ပြည်နယ်အတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှ တစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် သီးနှံတင်မော်တော်ယာဉ်များ စနစ်တကျဖြင့် စိစစ်ဆောင် ရွက်နိုင်ရေးအတွက် ပြည်နယ်မြန်မာ-တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၁ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ် မြန်မာ-တရုတ်ကုန်စည်ပြန်လည်စီးဆင်း နိုင်ရေးလုပ်ငန်းကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နယ်စပ်ဂိတ်များမှ တစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ မကြာမီကာလအတွင်း စိုက်ပျိုးရေးထုတ်ကုန် တစ်သျှူးငှက်ပျော နှင့် အခြားသီးနှံများ ကုန်စည်တင်/ ပို့နိုင်ရေး လုပ်ငန်းများ စတင်တော့မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကုန်စည်တင်ပို့မည့်မော်တော်ယာဉ်များအား စနစ်တကျစိစစ်ဆောင်ရွက်သွားရေး၊ဒေသခံလုပ်ငန်းရှင် များ နစ်နာမှုမရှိစေရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများနှင့် အညီ…

Read More

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်မြင့်မားရေး အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၃၀           ကချင်ပြည်နယ်၏ အားကစားကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်မြင့်မားရေးအတွက် အားကစား နည်းအလိုက် ဆပ်ကော်မတီအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ် ၃၀ ရက် နံနက် ၁၀ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။           လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အားကစားကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်မြင့်မားလာစေရေး၊ ဆပ်ကော်မတီအသီးသီးနှင့် အနေဖြင့် လိုအပ်ချက်၊ အခက်အခဲများ ရင်ဆိုင်ရာတွင် အချင်းချင်း ညှိနှိုင်းတိုင်ပင်ပြီး အကောင်းဆုံး ဖြစ်အောင် ပေါင်းစပ်ကြိုးစားကြရေး၊ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကျန်ရှိနေသည့် အားကစားနည်းများကိုလည်း ကြိုတင်ပြင်ဆင်လေ့ကျင့်ရာ တွင် လိုအပ်ချက်၊ အခက်အခဲများကို တင်ပြကြရေးနှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည် များကို ပံ့ပိုးကူညီနိုင်သွားနိုင်ရေး စီမံ‌ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂)အစည်းအဝေးတက်ရောက်

မြစ်ကြီးနား     သြဂုတ် ၃၀           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် အတူ သြဂုတ် ၃၀ ရက် မွန်းလွဲပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး၌ ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားနှင့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ် လည်နေ့အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ရှေးမြန်မာမင်းများလက်ထက်မှစ၍ ကုန်းဘောင် ခေတ်တိုင်အောင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြစ်မှုဆိုင်ရာဌာနနှင့် ဥပဒေဌာနတို့ကို ဖွဲ့စည်းပြီး နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ပါကြောင်း၊ ယနေ့ ဥပဒေအရာရှိများအနေဖြင့် လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ နှင့်အညီ မိမိတို့လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဥပဒေအရာရှိကျင့်ဝတ် များနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် မိမိတို့၏…

Read More

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေဖြင့် ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်စနစ်များ‌၊ စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၃၀           နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေဖြင့် ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်စနစ်များ၊ စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး၊ ဘဏ္ဍာလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၀ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ မတည်ငွေကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းလုပ်ငန်းများအတွက် လုပ်ငန်းစဉ်စနစ်များ ရေးဆွဲပြီး စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားနိုင်ရေး၊ သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းတာဝန်များအလိုက် စနစ် တကျစီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။          …

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် လယ်ယာသီးနှံပျက်စီး ဆုံးရှုံးခဲ့သည့် တောင်သူများနှင့် မိုးတွင်းကာလစားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရသော ဒေသ(၅)ခုမှ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာများ ထောက်ပံ့

မြစ်ကြီးနား     သြဂုတ် ၃၀           ကချင်ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် လယ်ယာသီးနှံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော တီယန်ဇွပ်ကျေးရွာအုပ်စုနှင့် အင်ဂျစ်ကျေးရွာအုပ်စုများမှ တောင်သူများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် မိုးတွင်းကာလစားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်နေသည့် ဒေသ (၅)ခုမှ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ(၁)လစာတန်ဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်း အခမ်း အနားကို ယနေ့ နံနက် (၉)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ပြည်နယ် အတွင်း ပြည်သူများ အခက်အခဲဒုက္ခကြီးကြီးငယ်ငယ်ကျရောက်ပါက မိမိတို့အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံးကူညီထောက်ပံ့ပေးရမည်ဖြစ်ပါကြောင်း၊ ကြွက်ဘေးအန္တရာယ်သည် ၁၉၇၇ ခုနှစ်တွင် တစ် ကြိမ်ကျရောက်ခဲ့ပြီး ယခု တီယန်ဇွပ်နှင့် အင်ဂျစ်ကျေးရွာတွင် ကျရောက်ခဲ့သည့်အတွက် တောင်ယာ စပါးနှင့် ငရုတ်စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယနေ့ အခမ်းအနားတွင်…

Read More

ကချင်ပြည်နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို လာမည့် စက်တင်ဘာသာအတွင်း ကျင်းပပြုလုပ်နိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင်နိုင်ရေး ပြည်နယ်ကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၂၉           ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကချင်ပြည်နယ်အဆင့်ပြိုင်ပွဲကို လာမည့် စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်ပြီး ဗဟိုအဆင့် ပြိုင်ပွဲဝင်များအား စခန်းသွင်းလေ့ကျင့်နိုင်ရေးအတွက် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေး ဦးစီး ကော်မတီအဖွဲ့ဝင်များ၏ ပဉ္ဇမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၉ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က မြို့နယ်များအဆင့်ပြိုင်ပွဲများမှ ရွေးချယ်စေလွှတ် သည့် ပြိုင်ပွဲဝင်များအတွက်  ပြည်နယ်အဆင့်ပြိုင်ပွဲကို လာမည့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်နိုင် ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင် များအား  စခန်းသွင်းလေ့ကျင့်ပေးသွားရေး၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြို့သန့်ရှင်းသာယာလှပရေး အခြေခံပညာကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား     သြဂုတ် ၂၇           ကခငှပွှညနွယွ၏ မှို့တောွ မှဈကှီးနားမှို့ မှို့အငွဂြါရပနွှင့အွညီ သန့ရွှငွးသာယာလှပရေး ဌာနဆိုငရွာအဖှဲ့အစညွးမှား၊ တပနွယမွိသားစုမှားစုပေါငွး၍ အခှခေံပညာအထကတွနွးကှောငွး (မနခွိနွ)နှင့ွ ခမောသီရပကွှကရွှိ ခမောသီဝံဘုနွးတောကွှီးကှောငွးဝငွးအတှငွး စုပေါငွးသန့ရွှငွးရေး လုပငွနွး ဆောငရွှကခွှငွးကို သှဂုတွ ၂၇ ရကွ နံနကွ ၇ နာရီခှဲတှငွ ဆောငရွှကခွဲ့ကှှသညွ။           ယင်းသို့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များက ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ တပ်နယ်များမှ တပ်ရင်း/ တပ်ဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက မန်ခိန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းနှင့် ကျောင်းပြင်တို့တွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်း ပေးခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊…

Read More

ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်ထောင်စုလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ (၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှ လမ်းညွှန်မှာကြားချက်များအား ခရိုင်/ မြို့နယ်တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်း

မြစ်ကြီးနား     သြဂုတ် ၂၇           ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်တရားလွှတ်တော်များ၏ (၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအား ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်က ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်တရားသူကြီးများ၊ တရားရုံး ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းပွဲနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၇ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက တရားရုံးများတွင် လက်ခံ စစ်ဆေးလျက်ရှိသော အမှုများကို ကြန့်ကြားမှုမရှိစေရေး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်နှင့် မြန်မြန်ပြီးပြတ်အောင်စစ်ဆေး ဆောင်ရွက်ကြရေး၊ သက်သေများကို စစ်ဆေးရာတွင်လည်း အမှန်တရားကို ဖော်ဆောင်နိုင်အောင် သက်သေခံဥပဒေ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များ လိုက်နာ၍ စစ်ဆေးကြရေး၊ မှုခင်းများ ကြန့်ကြာမှုမရှိစေရန် သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းများနှင့် အချိန်နှင့်တစ်ပြေးညီ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားသို့ တက်‌ရောက်အားပေး

မြစ်ကြီးနား     သြဂုတ် ၂၆           ကချင်ပြည်နယ် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားကို သြဂုတ် ၂၆ ရက် နံနက် ၁၀ နာရီက ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ် လှုပ်ရှားမှုများအား သတ်မှတ်ဆောင်ရွက်ခြင်းသည် ပြည်သူလူထုကိုယ်တိုင် အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လာပြီး၊ အာဟာရဆိုင်ရာ အသိပညာဗဟုသုတများ လည်း ပိုမိုရရှိလာကာ ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေ လည်း ပိုမိုကောင်းမွန်မြင့်မားလာစေရန် အထောက်အကူပြုမှာဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတစ် နိုင်ငံဖွံ့ဖြိုးမှုအတွက် အခြေခံကျပြီးအရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို…

Read More