ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့ ပန်းခြံတိုးချဲ့တည်ဆောက်နိုင်ရေးနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဝိုင်းမော် ဇွန် ၇ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ၊ တာဝန်ရှိသူများနှင့်အတူ ဇွန် ၆ ရက် မွန်းလွဲ ၂ နာရီတွင် ဝိုင်းမော်မြို့ အမှတ် (၃)ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် အများပြည်သူအပန်းဖြေနိုင်ရေး ဖွင့်လှစ်ထားသည့် ဧရာမော်ပန်းခြံကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် စည်ပင်သာရေးအဖွဲ့မှ ဧရာမော်ပန်းခြံ အတွင်း မြေယာရှုခင်း အလှဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အားကစား အထောက်အကူပြုပစ္စည်းများ တပ်ဆင်ဆောင်ရွက်ထားရှိမှု၊ ကလေးကစားကွင်းများ ထည့်သွင်း တည်ဆောက်ထားရှိမှုနှင့် ပန်းခြံဧရိယာအတွင်း ပါဝင်နေသည် ဈေးဆိုင်ခန်းများ ဖျက်သိမ်းထားသည့် မြေနေရာတွင် ပန်းခြံအလှဆင်ခြင်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ထိုမှတစ်ဆင့် မြို့အဝင် နေရာတွင် ဆောင်ရွက်ထားသည့် ပန်းခြံငယ်တို့ကို…