
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး စိုက်ပျိုးဆောင်ရွက်ထားရှိမှုများ၊ ကမ်းနားလမ်းတစ်လျှောက် ဧရာဝတီမြစ်ရေကြီးမြင့်မှုမှကာကွယ်နိုင်ရေးနှင့် အင်ဂျန်းခချောင်းရေထိန်းတံခါးတည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား မေ ၁၇ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် ပန်းမြို့တော်စီမံကိန်းဖြင့်လည်းကောင်း၊ ပြည်သူပူးပေါင်းပါဝင်သည့် အမှိုက်သိမ်းစနစ်ဖြစ်ပေါ်လာစေရေးအတွက်လည်းကောင်း စီမံဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေ ၁၇ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ လမ်းမကြီးများတွင် အရိပ်ရပန်းပွင့်သည့် အပင်ကြီးမျိုးများ ဖူးပွင့်ဝေဆာနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မြို့နယ်အမှုဆောင်အရာရှိတို့နှင့်အတူ မြစ်ကြီးနားမြို့ မြို့မရပ်ကွက်အတွင်း ဈေးကြီးလမ်းတစ်လျှောက် လမ်းလယ်ကျွန်းပန်းခုံများတွင် စက္ကူပန်းပင်များ စိုက်ပျိုးထားရှိမှုနှင့် လမ်းဘေးဝဲ/ယာများ ငုဝါပန်းပင်များဖြင့် ဝင်းဝါစွာဖူးပွင့်ဝေဆာနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းလယ်ကျွန်းများတွင် စက္ကူပန်းပင်များတိုးချဲ့စိုက်ပျိုးနိုင်ရေး မှာကြားခဲ့သည်။ ထို့နောက် အဆိုပါ…