
မြစ်ကြီးနားအထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှု လုပ်ငန်းများပြန်လည်ဆောင်ရွက်လျက်ရှိသဖြင့် ပြည်သူများယုံကြည်စိတ်ချစွာဖြင့် ဆေးဝါးကုသမှုခံယူနိုင်ပြီဖြစ်ကြောင်း အသိပေးနှိုးဆော်
မြစ်ကြီးနား မတ် ၁၃ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီးတွင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးဝါးကုသရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်လျက်ရှိ သဖြင့် ပြည်သူများမှ ယုံကြည်စိတ်ချစွာဖြင့် ဆေးဝါးကုသမှုလုပ်ငန်းများ လာရောက်ခံယူနိုင်ပြီဖြစ် ကြောင်း မိဘပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း အခမ်းအနားကို မတ် ၁၃ ရက် နံနက် ၁၁ နာရီတွင် အဆိုပါ ဆေးရုံဝင်း၌ ကျင်းပပြုလုပ်သည်။ အသိပေးနှိုးဆော်ခြင်းအခမ်းအနားသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌက လက်ရှိအခြေအနေတွင် ပြည်နယ် သူ/သားများ၏မျက်နှာကိုသာကြည့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုရရှိအောင်၊ ဆေးဝါးကုသခွင့်ပြန်လည် ရရှိအောင် ယခုလို ကြိုးစား၍ တာဝန်ထမ်းဆောင်လျက်ရှိကြသော ကျန်းမာရေးဝန်ထမ်းများအား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ဆက်လက်ပြီးတော့လည်း မိမိတို့ ပြည်နယ်နှင့် ပြည်နယ်သူ၊…