ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ သတ်မှတ်လမ်းနယ်နမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်နှင့်အညီ ကြီးကြပ် စစ်ဆေးနိုင်ရေး လုပ်ငန်းအစီအများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့်လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၄ ကချင်ပြည်နယ်အတွင်း ရေနံထွက်ပစ္စည်းအရောင်းဆိုင်များသတ်မှတ်လမ်းနယ်နမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်နှင့်အညီ ကြီးကြပ်စစ်ဆေးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး၍ စိစစ်တင်ပြဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရေနံထွက်ပစ္စည်းအရောင်းဆိုင်များသတ်မှတ်လမ်း နယ်နမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်နှင့်အညီဖြစ်စေရေးကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်က ယနေ့ ဆပ်ကော်မတီအဖွဲ့ဝင် များအနေဖြင့် လုပ်ထုံးလုပ်နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီအပြန်အလှန်ညှိနှိုင်းပူးပေါင်းပြီး မြို့နယ်များအလိုက်၊ လမ်းများအလိုက် Schedule များရေးဆွဲ၍ ပူးပေါင်းစစ်ဆေးကာ သုံးသပ်အကြုံ ပြုတင်ပြချက်များအား စိစစ်ရေးဆွဲတင်ပြသွားကြရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း စက်သုံးဆီ မပြတ်လပ်စေရေးဆောင်ရွက်နေသကဲ့သို့ ယနေ့ကော်မတီ၏ ညွှန်ကြားချက်အတိုင်း စစ်ဆေးဆောင်ရွက်သွားရမှာဖြစ်ပြီး မီးဘေးအန္တရာယ်ကင်းရှင်းရေးကိုပါ တစ်ပါတည်းကြပ်မတ်စစ်ဆေး၍ အန္တရာယ်ရှိနိုင်မည့် အခြေအနေများတွေ့ရှိရပါက ချက်ခြင်းပြုပြင်အရေးယူဆောင်ရွက်နိုင်ရေးကိုလည်း အကြုံပြုလိုပါကြောင်း တိုက်တွန်းမှာကြားပြီး ကြီးကြပ်မှုဆပ်ကော်မတီ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်၊ အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း (၂)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် အသင်းအဖွဲ့များ၏ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်၊ တရုတ်နှစ်ကူးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအား တက်ရောက်ချီးမြှင့်

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၃ ကချင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များမှ နယ်မြေလုံခြုံရေးအရ ပြည်နယ်ရုံးများတွင် လာရောက်တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာနအသီးသီးအောက်ရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တက် ရောက်အားပေးချီးမြှင့်သည်။အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ယာယီတိမ်း‌ရှောင်ပြည်သူများအတွက် ချီးမြှင့်ပေးအပ်ခဲ့သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ချီးမြှင့်ငွေများကို ယနေ့ဝန်ထမ်းတစ်ဦးချင်းစီ၏ လက်ဝယ်အရောက်ပေးအပ်ခြင်းဖြစ်ပါကြောင်း အားပေးပြောကြားကာ ယာယီတိမ်းရှောင်ပြည်သူများအတွက် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် လက်ခံရရှိခဲ့သည့် ချီးမြှင့်ငွေကျပ် ၁၇၁၄ ဒဿမ ၂၂၀ သန်းကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းထံလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် စီးပွား ရေးရာဝန်ကြီးဌာနအောက်ရှိဝန်ထမ်းများအတွက်လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်ဆက်လက်၍ ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်…

Read More

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၂ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ရှေးဦးစွာ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနား ကို နံနက် ၅ နာရီခွဲတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံအား စုပေါင်းအလေးပြုခဲ့ကြသည်။ယင်းနောက် နံနက် ၇ နာရီတွင် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရဖွဲ့ဝင် ဝန်ကြီးများနှင့်…

Read More

မြစ်ကြီးနားမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်း (ကျား / မ) မီနီမာရသွန် အပြေးပြိုင်ပွဲကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၁၁ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလွတ်တန်း (ကျား/မ) မီနီမာရသွန်အပြေးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၆ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ သခင်နက်ဖေလမ်းပေါ်မှ စတင်တာလွတ်ပါသည်။ရှေးဦးစွာအပြေးပြိုင်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲဝင်အားကစားသမား (၁၈၀၀)ကျော် တက်ရောက်ပါသည်။ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ပြိုင်ပွဲစတင်နိုင်ရန် သေနတ်ပစ်ဖောက် တာလွတ်ပေးရာ ပြိုင်ပွဲဝင်များသည် သခင်နက်ဖေလမ်းအတိုင်း မီးသတ်မီးပွိုင့်မှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အောင်ဇေရန်အောင်ဘုရားအထိပြေးကြရာ ရပ်ကွက်များအလိုက် လမ်းတစ်လျှောက် သတ်မှတ်နေရာ အသီးသီးမှ နေ၍ အပြေးသမားများအား ရေနှင့်အချိုရည်များ…

Read More

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင် မြစ်ကြီးနားမြို့ နန်ကျင်အမှိုက်ကန် မီးငြှိမ်းသတ်နေမှု အခြေအနေများနှင့် အမှိုက်ကန်စနစ်တကျ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၉ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နန်ကျင်အမှိုက်ကန် မီးလောင်နေမှုကြောင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့်အမှိုက်ကန်များစနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင် သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၉ ရက် နံနက်(၁၀) နာရီကသွားရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးသည်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုး၊ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နှင့် ၁၃ မိုင်အကွာအဝေးတွင်တည်ရှိသော နန်ကျင်အမှိုက်ကန်သို့ သွားရောက်ပြီး အမှိုက်များမီးလောင်မှုကြောင့် ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုမဖြစ်ပေါ်စေရေး ပြည်နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ် (၂)စီး၊ မီးငြှိမ်းသတ်ယာဉ် (၂)တို့ဖြင့် အမှိုက်ပုံပေါ်တွင် မီးငြိမ်းသတ်ပေးနေမှု အခြေအနေများနှင့် ဘတ်ဟိုးစက်န္တရားယာဉ်များဖြင့် ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများကိုလည်းကောင်း၊ မြေကျင်းတူးဖော်၍ ယာယီရေလှောင်ကန်ပြုလုပ်ပြီး မီးငြှိမ်းသတ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာရင်းစစ်ရုံး ဝန်ထမ်းအိမ်ရာ (၃)ထပ် အဆောက်အအုံသစ် ဖွင့်လှစ်၊ ပြည်နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးရိတ်သိမ်းမှုအခြေအနေများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ “အော်လေလေ (Aw Le Le)” သောက်ရေသန့်စက်ရုံသစ်အား ဖွင့်လှစ်ပေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၈ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းအိမ် (၃) ထပ်အဆောက်အအုံသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၃ နာရီက မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်အတွင်းရှိ အဆိုပါ အဆောက်အအုံသစ်ရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ များတက်ရောက်ခဲ့ကြသည်။ရှေးဦးစွာ ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူး ‌ဒေါ်စန်းယုမော်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း (၃၉၆ ဒဿမ ၆၀၀)သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သော (၂)ခန်းတွဲ (၃)ထပ် ဝန်ထမ်းအိမ်ရာအဆောက်ဦနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦသစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သီတာလမ်းသွယ် – ၄ (ကညနရုံး) ရှေ့လမ်း ကတ္တရာလမ်းသစ်ဖွင့်လှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စတုတ္ထအကြိမ် မြန်မာရိုးရာ ထမင်းနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအား ရိုးရာအစဉ်အလာနှင့် အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

မြစ်ကြီးနား ဖေဖော်ဝါရီ ၇ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ပြီးစီးခဲ့သော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာ ရပ်ကွက်အတွင်းရှိ သီတာလမ်း-၄ (ကညနရုံး)ရှေ့လမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၇)နာရီက အဆိုပါလမ်းသစ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ရှေးဦးစွာ လမ်းသစ်ဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးလှမိုးက မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတားနှင့် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် လမ်းသစ်ဆိုင်ရာအချက်အလက်များကို တင်ပြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အတွင်း ကတ္တရာလမ်းသစ်ရရှိသည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အောင်ဇော်ထွေး၊ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က လမ်းသစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့သိုင်းစွမ်းရည်ပြပွဲနှင့် KG ကလေးငယ်များအား ကျောင်းတွင်း အာဟာရ ကျွေးမွေးခြင်းအစီအစဉ်အား တက်ရောက်ကြည့်ရှုအားပေး၊ အား/ကာသိပ္ပံမြေနေရာနှင့် ဌာနဆိုင်ရာများအတွက် လျာထားမြေဧရိယာအတွင်း ကျောက်ချောလမ်းများဖောက်လုပ်နေမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၆ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ့သိုင်းဆပ်ကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မြန်မာ့သိုင်းစွမ်းရည်ပြပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။ရှေးဦးစွာ မြန်မာ့သိုင်းစွမ်းရည်ပြပွဲအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသူလေးများနှင့် နိုင်ငံနှင့် ပြည်နယ်လက်ရွေးစင် မြန်မာ့သိုင်းသမားများက ပြည်ထောင်စုမြန်မာနိုင်ငံအလံအား သယ်ဆောင်၍ ဘောလုံးကွင်းအတွင်း ဝင်ရောက်လာခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့သိုင်းအားကစားနည်းအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိတို့၏ ဇာတိမာန်စိတ်ဓာတ်တို့ကို အဓိကဖော်ကျူးပြသသည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ယနေ့ ပြည်နယ်၏ မြန်မာ့သိုင်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး၊ မျိုးဆက်သစ်များ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရွှေတံဆိပ်ကိုရရှိခဲ့သည်ကို ဂုဏ်ယူပါကြောင်း၊ ဒါ့ကြောင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် စနစ်တကျသင်ယူလေ့လာပြီး မြန်မာ့သိုင်းပညာများကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် လဝမ်ကထောင်နှင့် ဟိုလော်ကျေးရွာများ ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေး ကျောက်စီမြေထိန်းနံရံတည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၊ အောင်နန်းဂျာမေ့ဗလီ၏ အစ္စလာမ်ဘာသာရေးဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုပေးအပ်ချီးမြှင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၄ ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇွန်လက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြစ်ကြီးနားမြို့ ရေဝင်ရောက်မှုနှင့်အတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ လဝမ်ကထောင်နှင့် ဟိုးလော်ကျေးရွာများ၌ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါကျေးရွာများ မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး ကျောက်စီကမ်းထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၃ နာရီက ဒေသခံများနှင့်တွေ့ဆုံပြီး တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ကမ်းနားလမ်းနှင့်ရုံးကြီးလမ်းဆုံ ဧရာဝတီမြစ်ဆိပ်မှ မီးသတ်တပ်ဖွဲ့၏ အမြန်ရေယာဉ်များဖြင့် လုပ်ငန်းစီမံကိန်း တည်ဆောက်ရာနေရာသို့သွားရောက်ခဲ့ကြပါသည်။ အဆိုပါ လုပ်ငန်းစီမံကိန်းနေရာရှိ ကမ်းပါးပြိုကျခဲ့သည့်နေရာ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသခံကျေးရွာသူ၊ ရွာသားများနှင့် တွေ့ဆုံရာ ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊…

Read More

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရေလယ်ကျွန်းသဲသောင်ခုံပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ်တစ်ခု ဖြစ်သည့် တောငန်းခေါင်းကြားကောင်ရေ ၄၀၀ ‌ကျော် အုပ်စုလိုက် လာရောက် ကျက်စားနေထိုင်လျက်ရှိ

မြစ်ကြီးနား ဖေဖော်ဝါရီ ၄ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်းသဲသောင်ပြင်ပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ်တစ်ခုဖြစ်သည့် တောငန်းခေါင်းကြား (Bar-headed Goose) ကောင်ရေ ၄၀၀ ကျော်ခန့် အုပ်စုလိုက် ယခင်နှစ်မှ ဒီဇင်ဘာလကုန်ပိုင်းလောက်မှ စတင်၍ လာရောက်ကျက်စား နေထိုင်လျက်ရှိသည်ကို တွေ့ရှိရသည်။ကချင်ပြည်နယ်အတွင်း ဆောင်းခိုငှက်များ လာရောက်မှုကို နှစ်စဉ် ဆောင်းရာသီတွင် အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဆောင်းခိုငှက်မျိုးစိတ်ပေါင်းစုံ အောက်တိုဘာလမှ စတင်၍ လာရောက်နေထိုင်လေ့ရှိသည်ကို အများဆုံး သိရှိရပြီး အဆိုပါ တောငန်းခေါင်းကြား (Bar-headed Goose) ငှက်များအနေဖြင့် ဧရာဝတီမြစ်အတွင်း သဲသောင်ခုံပေါ်တွင် ၂၀၂၄ ခုနှစ်မှ စတင် လာရောက်နေထိုင်ခြင်းဖြစ်သည်။ထိုသို့ ဆောင်းခိုငှက်များ လာရောက်နေထိုင်မှုသည် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ ဆောင်းခို ငှက်များ ပျံသန်းရာလမ်းကြောင်း (၉)ခုအနက် အလယ်အာရှလမ်းကြောင်း (Central Asia…

Read More