ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဆောင်၍ ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား မတ် ၆ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့၌ စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ဖူလုံမှုရှိစေရေးနှင့် အများပြည်သူ စိုးရိမ်ကြောင့်ကြမှုကြောင့် ဝယ်ယူသိုလှောင်ခြင်းများမရှိစရေး စနစ်တကျစီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချပေးနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဆပ်ကော်မတီအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် စက်သုံးဆီအရောင်းဆိုင်များ စစ်ဆေးဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက နိုင်ငံတော်အနေဖြင့် စက်သုံးဆီနှင့်စပ်လျဉ်း၍ ပြည်သူများ စိုးရိမ်ကြောင့် ကြမှုမရှိစေရေး အသိပေးကြေညာချက်များကို ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကချင်ပြည်နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များတွင် ပြည်သူများစိုးရိမ်မှုကြောင့် မလိုအပ်ဘဲ တန်းစီဝယ်ယူခြင်းများမရှိစေဘဲ ပုံမှန်အတိုင်း လွတ်လပ်စွာ ဝယ်ယူရောင်းချနိုင်ရေး မိမိတို့အနေဖြင့် စနစ်တကျ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး…