
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာရပ်ကွက် အတွင်း လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
မြစ်ကြီးနား သြဂုတ် ၁၀ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက်များအတွင်း စည်ပင်သာယာရေးအဖွဲ့ပိုင် လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် သြဂုတ် ၉ ရက် ညနေ ၄ နာရီခွဲက ပြည်နယ်အစိုး ရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထို့သို့ လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးရာတွင် ပြည် နယ်ဝန်ကြီးများသည် စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်အမှုဆောင် အရာရှိ ဦးလှမိုး၊ တာဝန်ရှိသူများနှင့်အတူ အောင်နန်းရိပ်သာရပ်ကွက်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်၊ GRF ရန်ပုံငွေဖြင့် တင်ပြတောင်းခံထားသည့် အောင်သစ္စာလမ်း အရှည် ၈၈၀ ပေ၊ အောင်သုတ လမ်းအရှည်ပေ ၈၀၀ တို့အား ကတ္တရာလမ်းသစ်ခင်းပေးနိုင်ရေးနှင့် ရပ်ကွက်နေပြည်သူများ၏ ထပ်မံ…