ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ရေထိန်းတံခါးများ တည်ဆောက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား နိုဝင်ဘာ ၁၂ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ရေလျှံတားတမံ၊ ကျောက်စီမြေထိန်းနံရံများ တည်ဆောက်ကာကွယ်နိုင်ရေး ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုင်ဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ်၌ ရေထိန်းတံခါး တည်ဆောက်ရေးလုပ်ငန်းများနှင့် ကျောက်စီရေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပမ္မတီး(ရေကြည်ရပ်ကွက်)အတွင်း မြစ်ရေမြင့်တက်လာပါက အစောဆုံးရေဝင်ရောက်လေ့ရှိသည့် ရေကြည်ချောင်းပေါက်နေရာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော ရေကြည်ချောင်းရေထိန်းတံခါးတည်ဆောက်ခြင်းလုပ်ငန်းစီမံကိန်းနေရာသို့ သွားရောက်ပြီး ရှင်းလင်းဆောင်၌ အကျယ်(၈)ပေ၊ အမြင့် (၈)ပေရှိ တံခါး (၇)ပေါက်ပါဝင်သည့် သံကူကွန်ကရစ်ရေထုတ်ရေထိန်းတံခါးဆိုင်ရာအချက်အလက်များနှင့် စပ်လျဉ်း၍ ပြည်နယ်ဦးစီးမှူး၏…