ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့အဝေးပြေးယာဉ်ရပ်နားစခန်းတည်ဆောက်နိုင်ရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးများဆောင်ရွက်
မြစ်ကြီးနား နိုဝင်ဘာ ၉ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်အတွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့်ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။ ရှေးဦးစွာ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဗန်းမော်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဗန်းမော်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိရေးနှင့်ကုန်စည်စီးဆင်းမှုလျင်မြန်ချောမွေ့လာစေရေးအတွက် ဗန်းမော်မြို့တွင် ခေတ်မီ စနစ်ကျသည့်အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်အကောင်အထည်ဖော်နိုင်ရေးကို ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ &Read More