ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်းမှ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် သောတောင်သူများထံသို့ စိုက်ပျိုးချိန်အမှီ မြေသြဇာအိတ်များထောက်ပံ့ပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်းမှ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် သောတောင်သူများထံသို့ စိုက်ပျိုးချိန်အမှီ မြေသြဇာအိတ်များထောက်ပံ့ပေးအပ်

ဝိုင်းမော်         နိုဝင်ဘာ ၆

          ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝိုင်းမော်မြို့နှင့် မိုင်းနားကျေးရွာအုပ်စုအတွင်းမှ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်းဝင် တောင်သူများအတွက် စိုက်ပျိုးချိန်အမှီ မြေသြဇာအိတ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးအတွက် စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)ပညာပေးသင်တန်းကို နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီ တွင် ဝိုင်းမော်မြို့ နန့်မြစ်ခချောင်းဘေး ဟင်းသီးဟင်းရွက်စိုက်ခင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

          ဝိုင်းမော်မြို့နှင့် မိုင်းနားကျေးရွာအုပ်စုအတွင်းမှ ဟင်းသီးဟင်းရွက်ထုတ်လုပ်သူများအသင်း ဝင်တောင်သူများအတွက် စိုက်ပျိုးချိန်အမှီ မြေသြဇာအိတ်များ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူတိုင်းဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက် များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ယနေ့ပေးအပ်မည့် မြေသြဇာများအပြင် သဘာဝဓာတ်မြေ သြဇာများကိုလည်း ထည့်သွင်းအသုံးပြုနိုင်ရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အပြင် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ လိုအပ်ချက်များကို အသင်းနှင့်အတူ ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က မြေသြဇာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးအတွက် စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းများ (GAP)ပညာပေးသင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူတောင်သူ များအတွက် ဓာတ်မြေသြဇာအိတ် ၅၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတောင်သူများအား စိုက်ပျိုးရေး နည်းပညာဖြန့်ဝေပေးမည့် အစီအစဉ်များ၊ စိုက်ပျိုးရေလုံလောက်မှုရှိစေရေး စက်ရေတွင်းများတူး ဖော်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ၊ ကုန်ထုတ်လမ်းနှင့် လျှပ်စစ်မီးရရှိရေး စီမံဆောင်ရွက် ထားရှိမှုများကို ရင်းနှီးပွင့်လင်းစွာ ချပြရှင်းလင်းဆွေးနွေးခဲ့သည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူအသိပညာပေး သဘာဝအပင်အားတိုးဆေးပြုလုပ်မှု၊ အီးအမ် – ၅ (ပိုးမွှားရောဂါကာကွယ်ဆေး)ပြုလုပ်သုံးစွဲနည်း၊ သီးနှံအလိုက် သင့်တော်သည့် မြေအချဉ်/ အငံတန်ဖိုး တိုင်းတာခြင်းလုပ်ငန်းများ၊ စူပါအီးအမ်ဘို ကာရှိမြေဆွေးပြုလုပ်နည်းအဆင့်ဆင့်တို့နှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၏ရှင်းလင်းပြသမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။