ပူတာအိုဒေသဆန်ရိက္ခာဖူလုံရေး စိုက်ပျိုးရေနှင့်လယ်ယာမြေများတိုးချဲ့ဖော်ထုတ်နိုင်ရေး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

 ပူတာအိုဒေသဆန်ရိက္ခာဖူလုံရေး စိုက်ပျိုးရေနှင့်လယ်ယာမြေများတိုးချဲ့ဖော်ထုတ်နိုင်ရေး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပူတာအို         နိုဝင်ဘာ ၁

          ပူတာအိုဒေသ ဆန်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေလုံလောက်မှုရှိစေရေးနှင့် လယ်ယာ မြေများတိုးချဲ့ဖော်ထုတ်ပေးနိုင်ရေးနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင် ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၃၀ ရက်နှင့် ၃၁ ရက်တို့ တွင် ဒေသခံတောင်သူများ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက် ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက အောက်တိုဘာ ၃၀ ရက် နံနက် ၇ နာရီတွင် လေယာဉ်ကွင်းဈေး၌ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးအပ်ကာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပူတာအိုလေဆိပ်၌ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၏ လေဆိပ်ပရဝုဏ်အတွင်း သစ်ပင်ခြံနွယ်များ ခုတ်ခွင်ရှင်းလင်းခြင်း၊ အမှိုက် များကောက်ယူခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေသူများကို ထောက်ပံ့ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် ပူတာအိုမြို့နယ်၊ မန်စေခွန်ကျေးရွာအုပ်စု၊ ဆန်ဒမ်းကျေးရွာအနီး နန့်ပလပ် ချောင်းဘေးလယ်ကွင်း၌ လည်းကောင်း၊ ပူတောင်းကျေးရွာ၊ ပူတောင်းဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း ကျေးရွာအုပ်စုများအတွင်းရှိ တောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသဆန်ရိ က္ခာဖူလုံရေးအတွက် အစိုးရအဖွဲ့အနေဖြင့် ပူတာအိုဒေသ ဝမ်းစာဖူလုံဖို့ ဒီ (၃)နှစ်မှာကြိုးစားစို့ ဆောင်ပုဒ်ဖြင့်  ဒေသခံတောင်သူများအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်း စေပြီး လက်တွေ့ကြသည့် စိုက်ပျိုးရေလိုအပ်ချက်၊ ကုန်ထုတ်လမ်း တံတားလိုအပ်ချက်နှင့် လယ် ယာမြေများ တိုးချဲ့ဖော်ထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်သွားရန် တွေ့ဆုံရခြင်းဖြစ်ကြောင်း ရှင်း လင်းပြောကြားကာ စိုက်ပျိုးရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လယ်ယာမြေများ တိုးချဲ့ဖော် ထုတ်ပေးနိုင်ရေး၊ ချောင်းမှတစ်ဆင့် ဆည်ရေသောက်စနစ် အကောင်အထည်ဖော်ဆောင်ရွက်ပေး နိုင်ရေး၊ ကုန်ထုတ်ကြိုးတံတားနှင့် လမ်းများ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် မချမ်းဘောမြို့နယ်အတွင်း ဒေသတွင်းခရီးစဉ်တစ်ခုအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် နမ့်ခမ်းကျေးရွာရှိ နမ့်ခမ်း(၇)ထပ် (ရှဲဝမ်)ရေတံခွန်သွားရောက်ပြီး ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကောင်းမှုလုံ-မချမ်းဘောသွားလမ်းမကြီး မှတစ်ဆင့် နမ့်ခမ်းရေတံခွန်သွားလမ်း ၂.၆ ကီလိုမီတာ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင် ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နမ့်ခမ်း(၇)ထပ် (ရှဲဝမ်)ရေတံခွန်ပတ်ဝန်းကျင်အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ပူတာအိုမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရိပ်သာ ဧည့်ခန်းမ၌ ဒေသ တွင်းခရီးသွားလုပ်ငန်းတိုးမြှင့်ဖော်ဆောင်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရေခဲတောင်ဒေသ အပါအဝင် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ တိုးချဲ့ဖော်ဆောင်သွားမည့်ကိစ္စရပ်များ၊ ခရီးစဉ်ဒေသအသစ်များနှင့် ရှိပြီးသား ခရီးစဉ်ဒေသများကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားရေးနှင့် ဒေသတွင်း ခရီးသွားကန့်သတ်ချက်များ ဖြေလျော့ ပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် ပူတာအိုမြို့နယ်အတွင်းရှိ ဂျူဗလီ-ဇီအွန်-လန်းတောင်-နောင်ခိုင်ကျေးရွာချင်း ဆက်လမ်းဖောက်လုပ်ပြီးစီးမှုကိုကြည့်ရှုစစ်ဆေးပြီး မူလာအွန်ကျေးရွာရှိ စက်မှုလယ်ယာဦးစီးဌာန မှ လယ်ယာမြေဖော်ထုတ်ထားရှိမှုအခြေအနေနှင့် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် လမ်း ဘေး၌ ဒေသတွင်း ဆန်ရိက္ခာဖူလုံရေးအတွက် လှုံ့ဆော်ထားသည့် ပူတာအိုဒေသ ဝမ်းစာဖူလုံဖို့ ဒီ(၃)နှစ်မှာကြိုးစားစို့ ဆိုင်းဘုတ်စိုက်ထူပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် အောက်တိုဘာ ၃၁ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်သည် မနောဧကရီကုမ္ပဏီမှ တည်ဆောက်လျက်ရှိသည့် ပူတာအိုခရိုင်စုပေါင်းရုံး တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု နှင့် မြို့တွင်းလမ်း ကတ္တရာကွန်ကရစ်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျန်းမာရေးဦးစီးဌာနမှ ခေါင်လန် ဖူးမြို့နယ်အတွက် ခွဲဝေချထားပေးသည့် လူနာတင်ယာဉ်အား ပြည်နယ်ဝန်ကြီးချုပ်က လွှဲပြောင်း ပေးအပ်ခဲ့ကာ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ခရိုင်ပြည်သူ့ဆေးရုံ အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ငွေကျပ် (၅)သိန်းနှင့် အင်ဂျင်နီယာချုပ်မှ ငွေကျပ် ၂ သိန်းလှူဒါန်းမှုတို့ကို လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရိပ်သာဧည့်ခန်းမဆောင်၌ ပူတာအိုခရိုင် ဂျိမ်းဖော စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပြီး စာပေယဉ်ကျေးမှုအနုပညာများ ဖော်ထုတ်ပြသထိန်း သိမ်းနိုင်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ခရိုင်အတွင်းရှိ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်လက်တွေ့ဆုံကာ ပူတာအိုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံလုပ်ငန်းရှင်များဖြစ်သည့်အတွက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံ ပြည်သူများအတွက် လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းလုပ်ငန်းများဖြစ်စေရေး သက်ဆိုင် ရာဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဝိုင်းဝန်းကြိုးစားကြရေး မှာကြားခဲ့သည်။