ကချင်ပြည်နယ်ဝန်ကြီးချုပ်က ခေါင်လန်ဖူးမြို့နယ်နှင့် နောင်မွန်းမြို့နယ်တို့တွင် ဒေသဖွံ့ဖြိုးတိုး ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပြီး ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ခေါင်လန်ဖူးမြို့နယ်နှင့် နောင်မွန်းမြို့နယ်တို့တွင် ဒေသဖွံ့ဖြိုးတိုး ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပြီး ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ

ပူတာအို         အောက်တိုဘာ ၃၀

          ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဝေးလံခေါင်ပါးသည့်ဒေသတစ်ခုဖြစ်သည့် ခေါင် လန်ဖူးဒေသဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နောင်မွန်းမြို့နယ်အတွင်း ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံပြီး ထောက်ပံ့ငွေများပေးအပ်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည် နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီတွင်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပူတာအိုမြို့မှပူတာအို-မချမ်းဘော-မဂွေဇ-ခေါင်လန်းဖူးလမ်းကြောင်းအတိုင်းမော်တော်ယာဉ်တန်း ဖြင့် ထွက်ခွာခဲ့ကြပြီး မချမ်းဘောမြို့နယ်အတွင်းရှိ ၂၁ မိုင် ဗျူးပွိုင့်နေရာတွင် ကြည့်ရှုစစ်ဆေးပြီး လမ်းဦးစီးဌာနမှ မချမ်းဘော-ဖရုခ-ရပ်ဘော့-နောင်မွန်လမ်းတစ်လျှောက် တောင်နံရံချဲ့ခြင်းနှင့် အမာခံမြေသားလမ်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်၌ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေး အဖွဲ့ (၁)မှ ကဆန်ခချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် တံတားအမှတ် (၂/၁) မဂွေဇ တံတားအရှည် ၁၈၀ မီတာရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်၌ တာဝန်ရှိသူ များ၏ တံတားဆိုင်ရာအချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများကို ပြည်နယ် ဝန်ကြီးချုပ်က တံတားအချိန်မီတည်ဆောက်ပြီးစီးရေးနှင့် တံတားနှင့်အတူ ချဉ်းကပ်လမ်းများပါ တစ်ပြိုင်တည်း တည်ဆောက်ပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး တံတားတည် ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသည့် မဂွေဇ-ခေါင်လမ်းဖူးလမ်းပိုင်း ဆန်းလွတ် ချက်တောင်ကြား ပေပေါင်း ၇၇၀၀ အမြင့်တွင် တောင်အတက်အဆင်းလမ်း ပြေပြစ်အောင်ဆောင် ရွက်နေမှုနှင့်  ကိုးထပ်ကွေ့လမ်းကြောင်းအတွင်း လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဖူလုံဗျူးပွိုင့်နေရာ၌ မြေယာရှုခင်းများဖြင့် စနစ်တကျ သန့်ရှင်းသာယာလှပစွာ ပြုပြင်ဆောင်ရွက်နိုင်ရေးမှာ ကြားခဲ့ကာ ခေါင်လန်ဖူးမြို့နယ်အတွင်း လပြည့်ဝန်းကုမ္ပဏီမှ တည်ဆောက်လှူဒါန်းခဲ့သည့် ရီဒမ်းဂျစ်ကားကူးကြိုးတံတား၏ ကြံ့ခိုင်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ မဂွေဇ-ခေါင်လန်ဖူးလမ်းပိုင်း အတွင်း မေခမြစ်ပေါ်၌ တည်ဆောက်လျက်ရှိသည့် တံတားအမှတ် (၁/၄၄) အရှည်ပေ   ၆၀၀ ရှိ ရီဒမ်းတံတားတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက် ညနေပိုင်းတွင် ခေါင်လန်ဖူးမြို့သို့ရောက်ရှိကာ မြို့နယ်အတွင်းရှိ ရပ်မိရပ်ဖ များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး ဒေသခံများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုလား ချက်များ၊ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များနှင့် ပတ်သက်၍ ပွင့်လင်းရင်းနှီးစွာဆွေးနွေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။

          ထို့နောက် အောက်တိုဘာ ၂၈ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့မဈေး တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ရပ်ကွက်(၁)အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့အင်္ဂါရပ်နှင့်အညီ တောင်ပေါ်မြို့ဖြစ်သည့်အတွက် ဒေသ၏ အလှအပ နှင့် သဘာဝရင်းမြစ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကွန်ကရစ်လမ်းနှင့် လှေကားထစ်များ၊ လမ်း ဘေးဝဲ/ယာရေမြောင်းများဖြင့် စနစ်တကျဆောင်ရွက်နိုင်ရေးတာဝန်ရှိသူများအားမှာကြားခဲ့သည်။

          ယင်းနောက် မြို့နယ်ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပပြီး ပြည်နယ်ဝန်ကြီးချုပ်က ခေါင်လန်ဖူးဒေသသည် သာယာ လှပသောမြို့တစ်ခုဖြစ်သည့်အတွက် ‌ဒေသ၏ အလှအပ၊ သဘာဝအရင်းအမြစ်များကို တန်ဖိုးထား ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက်ကွာဟချက် နည်းနိုင်သမျှ နည်းအောင်ဆောင်ရွက်ရာတွင် ဝေးလံခေါင်ပါးပြီး သွားလာရခက်ခဲသည့် ခေါင်လန်ဖူးဒေသအား လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီး ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ပြီးစီးရန် နီးစပ်ခဲ့ပြီဖြစ်ပါကြောင်း၊ ဒါ့အပြင် လျှပ်စစ်မီးရရှိရေး၊ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် နေအိမ်ခြံဝင်းများအတွင်း ဒေသရာသီဥတုနှင့်ကိုက်ညီသည့် ဟင်းသီးဟင်းရွက် ပင်များ စိုက်ပျိုးနိုင်ရေး၊ ခေါင်လန်ဖူးဒေသ ကားလမ်းဖောက်လုပ်ပြီးစီးပါက ဒေသတွင်းခရီးသွား လုပ်ငန်းဖွံ့ဖြိုးလာမည်ဖြစ်ပြီး မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်း စပ်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဌာန လုပ်ငန်းတာဝန်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံလုပ်ငန်းများ ချမှတ်ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသ ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးတို့က မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် Oxygen Concentrator (၁၀)လုံး၊ ဘာသာရေးအသင်းအဖွဲ့များနှင့် မြို့နယ်အတွက် ဆန်အိတ်အလုံး (၅၀)နှင့် ငွေကျပ်(၅၂)သိန်း၊ ခေါက်ဆွဲခြောက်ဖာ ၃၆ ဖာ တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ဒေသခံများကိုယ်စား ရပ်မိရပ်ဖ ဦးပီတာက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          ထို့နောက် လီဆူစာပေနှင့် ယဉ်ကျေးမှုရုံးဝင်းအတွင်း အကြီးကိုကိုစာကြည့်တိုက်(၆)ကို  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မတည်ငွေကျပ် ၂ သိန်းကို ထောက်ပံ့ပေးအပ်ကာ လူငယ်၊ လူရွယ်များ စာအုပ်စာပေဖတ်ရှုလေ့လာနိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် တပ်မတော်ဆေးတပ်ဖွဲ့တို့မှ အသက်(၁၂)နှစ်နှင့် အထက် အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေး နေမှုကို ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေများကို ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် မြို့မြေတိုးချဲ့ရန် လျာထားသည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရဝမ် အထိမ်းအမှတ်ဥယျာဉ်နှင့် ရဝမ်တိုင်းရင်းသားတို့ သမိုင်းအစဉ်အလာအစပြုရာနေရာဖြစ်သည့် ခြေရာကုန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခေါင်လန်ဖူးမြို့ မြို့ဝင်ဆိုင်းဘုတ် တည်ဆောက်မည့်နေရာ နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး‌ရေးသင်တန်းကျောင်း တည်ဆောက်ဖွင့်လှစ်သွားမည့် မြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသ၏ သဘာဝအရင်းအမြစ် တောတောင်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

          ထိုမှတစ်ဆင့် အောက်တိုဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် နောင်မွန်းမြို့သို့ ရောက်ရှိပြီး နောင် မွန်မြို့နယ်ပြည်သူ့ဆေးရုံအတွင်း ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကိုဗစ်-၁၉ အတည် ပြုလူနာများနှင့် ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသော လူနာများအား အားပေးထောက်ပံ့ကာ နောင်မွန်းမြို့တွင် ရောက်ရှိနေသည့် ပြည်နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာန၏ နယ်လှည့်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးအဖွဲ့များနှင့် တွေ့ဆုံပြီး အားပေးစကားပြောကြားကာ ဆေးရုံအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ထောက်ပံ့ ငွေကျပ် ၄ သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

          ထို့နောက် နောင်မွန်းမြို့အခြေခံပညာအထက်တန်းကျောင်း၌ အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေကျပ် ၂ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင် ရာများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာ စကားပြောကြားကာ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့မိ/ မြို့ဖများ၏ မြို့နယ်ဖွံ့ဖြိုးတိုးတက် ရေး လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွက်  Oxygen Concentrator (၁၀)လုံး၊ ဌာနဆိုင်ရာများနှင့် ဘာသာရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ နှင့် ဆန်အိတ် ၅၀ အိတ်၊ ခေါက် ဆွဲခြောက်ဖာ ၃၆ ဖာတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။  

ထို့နောက် ရပ်ဘော့ကျေးရွာအုပ်စု ကဆန်ဒမ်းကျေးရွာအတွင်း လမ်းဦးစီးဌာနမှ ရပ်ဘော့-နောင်မွန်းလမ်း ၁ မိုင် ၄ ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။