
ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်းများမှ မူလနေရပ်ကျေးရွာ များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများ အခြေခံစားသောက်ကုန်များနှင့် အိမ်ထောင်စုသုံးပစ္စည်းများ ထောက်ပံ့
မြစ်ကြီးနား ဇူလိုင် ၂၇ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန် လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် နှစ်ခြင်းခရစ်ယာန်အသင်း တော်ဝင်းအတွင်းရှိ IDPs စခန်း၌ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ် ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ ခဲ့ကြသည်။ ထို့သို့ မူရပ်နေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွား ရောက်တွေ့ဆုံခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက မိသားစုများကို အားပေးစကားပြောကြား သည်။…