ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း သူနာပြု-သားဖွားဒီပလိုသင်တန်းကျောင်း မောင်/မယ်သစ်လွင်ကြိုဆိုပွဲနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
မြစ်ကြီးနား ဖေဖော်ဝါရီ ၉ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြု-သားဖွားသင်တန်းကျောင်း၊ မြစ်ကြီးနား၌ ၂၀၂၆ ပညာသင်နှစ် သူနာပြု-သားဖွား ဒီပလိုမာ (၃)နှစ်သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ (၂)နှစ်သင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား/ သင်တန်းသူများ၏ မောင်/မယ် သစ်လွင်ကြိုဆိုပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက နိုင်ငံတော်အနေဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးခြင်းကို အရေးကြီးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်လျက်ရှိသကဲ့သို့ ထိုသို့မွေးထုတ်ရာတွင်လည်း ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် သင်တန်းကာလအတွင်း လုံခြုံစိတ်ချစွာ နေထိုင်ပြီး ပညာသင်ကြားနိုင်ရေး၊ စာတွေ့/လက်တွေ့ပညာရပ်များကို ခေတ်နှင့်လျော်ညီစွာ သင်ကြား/သင်ယူမှုပြုနိုင်ရန်၊ နေထိုင်စားသောက်ရေးအတွက် ရိက္ခာစရိတ်၊ ထောက်ပံ့မှုများကို စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ရင်းနှီးမြှုပ်နှံမှုများစွာ စီမံဆောင်ရွက်ပေးခြင်းဖြစ်သည့် အတွက် ယနေ့ သင်တန်းတက်ရောက်ခွင့်ရရှိသည့် သင်တန်းသား/သင်တန်းသူများအနေဖြင့်…