ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်းများမှ မူလနေရပ်ကျေးရွာ များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများ အခြေခံစားသောက်ကုန်များနှင့် အိမ်ထောင်စုသုံးပစ္စည်းများ ထောက်ပံ့

 ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်းများမှ မူလနေရပ်ကျေးရွာ များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများ အခြေခံစားသောက်ကုန်များနှင့် အိမ်ထောင်စုသုံးပစ္စည်းများ ထောက်ပံ့

မြစ်ကြီးနား     ဇူလိုင် ၂၇

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန် လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် နှစ်ခြင်းခရစ်ယာန်အသင်း တော်ဝင်းအတွင်းရှိ IDPs စခန်း၌ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ် ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ ခဲ့ကြသည်။

          ထို့သို့ မူရပ်နေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွား ရောက်တွေ့ဆုံခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက မိသားစုများကို အားပေးစကားပြောကြား သည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရွှေစက်နှစ်ခြင်းအသင်း တော်စခန်းမှ တာလောကြီးကျေးရွာနှင့် ၎င်းတို့၏အစီအစဉ်ဖြင့် ဝယ်ယူထားသည့် မြေကွက်များမှ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စု (၂၆)စု၊ လူဦးရေ (၁၆၀)နှင့် မော်ဖောင်ခါနန် နှစ်ခြင်းစခန်းမှ ဝိုင်းမော်မြို့နယ်၊ ကဇူးကျေးရွာသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်မည့် အိမ်ထောင်စု (၁) စု၊ လူဦးရေ ၅ ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်အိမ်ထောင် လျှင် ဆန်(၁)အိတ်၊ ဆီ (၁)ပိဿာနှုန်းဖြင့် ဆန်အိတ် ၂၇ အိတ်၊ ဆီ ၂၇ ပိဿာကိုလည်းကောင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိသားစုများအတွက် တစ်လစာ ဆန်ရိက္ခာဖိုးငွေကျပ် ၁၄၈၅၀၀၀၊ ပြောင်းရွှေ့ စရိတ်အဖြစ် ငွေကျပ် (၂၇၀၀၀၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်းများကိုလည်းကောင်း၊ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီက မိသားစုသုံးကျန်းမာရေးပစ္စည်းများကို လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြရာ အိမ်ထောင်စုများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။