
ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ အိုးအိမ်လမ်း AC လမ်းသစ်ဖွင့်ပွဲနှင့် မိုးညှင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့်တွေ့ဆုံ၊ ပင်းဟဲကျေးရွာ၊ ရွာသစ်ကြီးကျေးရွာများ၌ ဆောင်းသီးထပ် လယ်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံပြီး သွင်းအားစုများ ဖြည့်ဆည်းဆောင်ရွက်
မိုးညှင်း ဧပြီ ၆ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံ စိုက်စွမ်းအားတိုးတက်မြင့်မားလာစေရေး ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍတွင်အဓိကအားထားရသည့် မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သီးထပ်စိုက်စွမ်းအား ပိုမိုတိုးတက်လာစေရေးအတွက် မိုးညှင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၅ ရက် နံနက် ၈ နာရီတွင် အိုးအိမ်လမ်း AC လမ်းသစ်အား ဖွင့်လှစ်ပေးသည်။ ရှေးဦးစွာ လမ်းသစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မိုးညှင်းခရိုင် ဖွံ့ဖြိုး တိုးတက်ရေးတာဝန်ခံ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် ဝသုန်စိုး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ တက်ရောက်ခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေကျပ် (၅၆၉.၁၄၅)သန်းဖြင့် စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ပြီးစီးခဲ့သည့် မိုးညှင်းမြို့ ရွာသစ်ကုန်းရပ်ကွက်အတွင်း…