ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုလွင်ပြင်ပတ်လမ်း လမ်းလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ပူတာအိုမြို့နယ်အတွင်းရှိ ဆီမုန်ညှင်းစိုက်ခင်းများအား ကြည့်ရှုစစ်ဆေး၊ မူလာအွန်ခေတ်မီစံပြကျေးရွာ စာကြည့်တိုက်ဖွင့်ပွဲသို့ တက်ရောက်၊ ဒေသတွင်း မုန်ညှင်းဆီကြိတ်စက်များ တိုးချဲ့တည်ဆောင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပူတာအို မတ် ၆ မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ဒေသတွင်း ဝမ်းစာဖူလုံ ပိုလျှံစေရေးနှင့် စားသုံးဆီ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ပူတာအိုမြို့၌ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ် ၆ ရက်က ပူတာအိုလွင်ပြင်ပတ်လမ်း (၂၅) မိုင် လမ်းလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆီမုန်ညှင်းစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပူတာအိုအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပူတာအို-လယ်မယ်ဝါဂျီ-နမ်ရှယ်ကော့ – မန်စေခွန်-မန်စေလမ်း (ပူတာအိုလွင်ပြင်ပတ်လမ်း)သို့ သွားရောက်ပြီး မန်စေကျေးရွာ၌ နမ့်ပလပ် ချောင်းရေတိုက်စားမှုအပေါ် ကျောက်စီကမ်းထိန်းနံရံ တည်ဆောက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေဘို-မြစ်ကြီးနားလမ်း အဆင့်မြှင့်(AC)ကတ္တရာလမ်းသစ်နှင့် မော်ဖောင်းကျေးရွာ နယ်မြေ (၆)ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်များဖွင့်လှစ်၊ တပ်မတော်နေ့အတွက် အလှူငွေများ ပေးအပ်လှူဒါန်း၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းကြည့်ရှုစစ်ဆေး၊ ဧရာဝတီမြစ်ရေကြောင်းရှင်းလင်းရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုနှင့် သားငါးစားသုံးမှုဖူလုံရေးအတွက် စီမံချက်ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မတ် ၂၁ နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေဘို-မြစ်ကြီးနားလမ်း အဆင့်မြှင့်(AC) ကတ္တရာကွန်ကရစ်လမ်းသစ်နှင့် မော်ဖောင်းကျေးရွာ၊ နယ်မြေ(၆) ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲများကို ယနေ့ နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ရှိ အဆိုပါလမ်းများ၌ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ ၂၀၂၄–၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် (၆၈၈ ဒဿမ ၇၈၃)သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်လမ်းဦးစီးဌာနက တာဝန်ရှိယူဆောင်ရွက်ပြီးစီးခဲ့သည့် ရွှေဘို-မြစ်ကြီးနားလမ်း အဆင့်မြှင့်(AC)ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မြစ်ကြီးနားမြို့ အထွက် အဆိုပါလမ်းသစ်ပေါ်တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ နှစ် (၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် အဆင့်မြှင့် (AC) ကတ္တရာလမ်းသည် မြစ်ကြီးနားမြို့သို့ မော်တော်ယာဉ်များဝင်ရောက်သွားလာရာတွင် ယာဉ်ကြောကြပ်တည်းမှုမရှိစေဘဲ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး မြို့ဝင်ပေါက်လမ်းကို အဓိကဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်အားပေး၊ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး၊ မြို့တော်ခန်းမသစ်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မတ် ၂၀ နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့ အမှတ် (၁) တပ်မတော်ဆေးရုံ (ကုတင်-၃၀၀) နှင့် ဆမားဒူဝါဆင်ဝါးနော်ခန်းမတို့၌ တပ်မတော်သားများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ အရာထမ်း/အမှုထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲများကို မတ် ၂၀ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ အမှတ် (၁) တပ်မတော်ဆေးရုံ (ကုတင်-၃၀၀)သို့ သွားရောက်ခဲ့ကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်ထွေး၊ ဒုတိယတိုင်းမှူး၊ တပ်မတော်အရာရှိကြီးများနှင့် ဆေးကုသဆောင် (၁)အတွင်း ဆေးတပ်မှူးနှင့် ဝန်ထမ်းများ၏ အကူအညီဖြင့် အရာရှိစစ်သည်များနှင့် စစ်သည်မိသားစုများက နှစ် (၈၀)ပြည့် တပ်မတော်နေ့ အထိမ်း အမှတ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့ ဇော်ဂျွန်းလမ်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်လှစ်၊ ဗလမင်းထင်စံပြစိုက်ခင်းအတွင်း ဆောင်းသီးထပ်ပဲပုပ်သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့် တွေ့ဆုံ၊ ပဲပုတ်သီးနှံ အသီးအပွင့်အားပေး ရွက်ဖျန်းမြေသြဇာ အချိန်ကိုက်၊ အချိုးကျ ပက်ဖျန်းခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရောက်အားပေး၊ ‌ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ် အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနေမှုနှင့် မြို့ပြသန့်ရှင်းသာယာလှပရေးကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မတ် ၁၉ နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၌ ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော သီတာရပ်ကွက်နှင့် ဧရာရပ်ကွက်ချင်းဆက်လမ်းတစ်ခုဖြစ်သည့် ဇော်ဂျွန်းလမ်း နိုင်လွန်ကတ္တရာလမ်းသစ်ကို ယနေ့ နံနက် ၈ နာရီက အဆိုပါ လမ်းသစ်၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က တက်ရောက်ဖွင့်လှစ်ပေးကြသည်။ ရှေးဦးစွာ အခမ်းအနားတွင် မြစ်ကြီးနားမြို့နယ် စည်ပင်ယာရေးအဖွဲ့၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုးက လမ်းသစ်ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပေးနိုင်ခဲ့မှုများကို ရှင်းလင်းတင်ပြပြီး ဧရာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သူက ရပ်ကွက်အတွင်း လမ်းသစ်ရရှိခြင်းအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ဆက်လက်၍ လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရွှေအိုက်(ရွှေပြည်သာ)ရပ်ကွက်အတွင်း အုပ်ချုပ်ရေးမှူးရုံးနှင့် ကုန်တင်ကုန်ချယာဉ်ရပ်နားစခန်း တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ဧရာဝတီမြစ်ရေလမ်းကြောင်း ရှင်းလင်းရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မတ် ၁၈ ကချင်ပြည်နယ်၏ မြစ်ကြီးနားမြို့အား ပြည်နယ်၏ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပပြီး စိမ်းလမ်းစိုပြည်လာစေရေး၊ မြို့အင်္ဂါရပ်နှင့်အညီဖွံ့ဖြိုးတိုးတက်လာစေရေး စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၇ နာရီခွဲက ရွှေအိုက်(ရွှေပြည်သာ)ရပ်ကွက်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မြေနေရာလျာထားသတ်မှတ်၍ အုတ်တံတိုင်းကာရံ တည်ဆောက်နေမှု အခြေအနေများအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရုံးအဆောက်အအုံသစ်တည်ဆောက်ပေးနိုင်ရေးနှင့် ရပ်ကွက်အတွင်းမြေသားလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့တွင်း ကုန်တင်ယာဉ်တွဲကားကြီးများ ဝင်ရောက်မှုကြောင့် ယာဉ်ကြောပိတ်စို့မှုနှင့် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေးအတွက် မြို့ပြဧရိယာနှင့်ကင်းလွတ်သည့် အဆိုပါရပ်ကွက်အတွင်းရှိ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ် စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းတည်ငြိမ်စွာ စတင်ဖြေဆိုမှုအား လှည့်လည်ကြည့်ရှုအားပေး၊ ၂၀၂၅ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းများဖွင့်လှစ်ပေး၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်း အား/ကာသိပ္ပံ မြေနေရာနှင့် ကျေးရွာကွက်သစ်လျာထားမြေနေရာများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မတ် ၁၇ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းရှိ စာစစ်ဌာနများတွင် မတ် ၁၇ ရက်မှ စတင်၍ မတ် ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ စာစစ်ဌာနများတွင်လည်း ကျောင်းသား/ ကျောင်းသူများက ယနေ့ နံနက်ပိုင်းတွင် မြန်မာဘာသာရပ်ကို စတင်ဖြေဆိုနေပြီဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ စာစစ်ဌာနများ၌ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဝင်များနှင့်အတူ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနရှိ စာသင်ဆောင်များအတွင်း ကျောင်းသားဦးရေ (၂၀၀)ကျော်နှင့် ကျောင်းသူဦး‌ရေ (၅၀၀)…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ မှန်ပြတောင်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသည့် မဟာအောင်ဘုန်းပွင့်ဗျာဒိတ်တော်ပေးရပ်တော်မူရုပ်ပွားတော်မြတ်ကြီးနှင့် တောင်ထိပ်ရှိ ကာစမဏိသလာမှန်ပြတောင်စေတီတော် တည်ဆောက်လျက်ရှိသည့် အခြေအနေများအား သွားရောက်ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မတ် ၁၆ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်း၍ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ အမြင့်ပေ ၁၄၀၀ ကျော်ရှိသည့် မှန်ပြတောင်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသည့် မဟာအောင်ဘုန်းပွင့် ဗျာဒိတ်တော်ပေး ရပ်တော်မူရုပ်ပွားတော်မြတ်ကြီးနှင့် တောင်ထိပ်ရှိ ကာစမဏိသဘာ မှန်ပြတောင်စေတီတော် တည်ဆောက်လျက်ရှိသည့် အခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲ ၁ နာရီက သွား ရောက်ကွင်းဆင်းစစ်ဆေးကြည်ညိုခဲ့ကြသည်။ ထို့သို့ သွားရောက်ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များနှင့်အတူ မှန်ပြတောင်တော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသည့် မဟာအောင်ဘုန်းပွင့် ဗျာဒိတ်တော်ပေး ရပ်တော်မူတည်ထားတော်မူသည့် အခြေအနေ များကို ရုပ်ပွားတော်အား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၊ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၊ သင်တန်းသားပေါင်း ၁၀၀၀ ကျော် ပါဝင်သည့် သက်တမ်းအလိုက် ဘောလုံးပွဲတော်သို့ တက်ရောက်အားပေး၊ လဝမ်ကထောင်နှင့် ဟိုးလော်ကျေးရွာများ မြစ်ရေတိုက်စားမှုမှ ကာကွယ်ရေး ကမ်းပါးထိန်း ကျောက်စီမြေထိန်းနံရံများ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မတ် ၁၅ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12)စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်အတွင်း အဆိုပါ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို စာစစ်ဌာနပေါင်း (၂၂)ခု ဖွင့်လှစ်၍ ကျင်းပပြုလုပ်သွားမည်ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း Grade-5 မှ Grade-9 အထိ စာမေးပွဲများကို အေးချမ်းတည်ငြိမ်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ယနေ့ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်၌ ၂၀၂၅ ခုနှစ် သာသာနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကျင်းပ၊ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး လယ်ကုန်း၊ ကြက်ပေါင်ခြံရပ်ကွက်များအတွင်း ကမ်းနားလမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မတ် ၁၄ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို မတ် ၁၃ ရက် နံနက် ၁၁ နာရီတွင် မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်(ရွှေကျင်)မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဟိ တေသိတထံအမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် ဘွဲ့ခံဆရာတော်နှင့် သီလရှင်ဆရာများ တက်ရောက်တော်မူကြသည်။ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အောင်ဇော်ထွေးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြည်ညိုခဲ့ကြပြီး အခမ်း အနားကို နမောတဿ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် လမ်းဘေးဝဲ/ယာတွင် ရာသီပန်းပင်များ ဖူးပွင့်ဝေဆာနေမှုအား ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားခရိုင်အတွင်း ဆောင်းဆီထွက် သီးနှံစိုက်ပျိုးမည့် တောင်သူများအား MPE ထုတ်ယူရီယားမြေသြဇာများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းအခမ်းအနားသို့ တက်ရောက်၊ ပလနနှင့် နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ရိုးပြတ်ကျန်လယ်များအတွင်း ပဲပုတ်သီးနှံစိုက်ပျိုးထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မတ် ၁၂ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး သစ်ပင်ပန်းမံများဖြင့် စိမ်းလန်းစိုပြည်နေစေရေး ဘဏ္ဍာငွေများခွဲဝေချထားပြီး မြို့ပြဖွံ့ ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် ယနေ့ နံနက် (၆)နာရီခွဲက မြစ်ကြီးနားမြို့ အဓိကလမ်းမကြီးများပေါ်တွင် သန့်ရှင်းသာယာလှရေးနှင့် ရာသီပေါ်ပန်းများဖြင့် ဖူးပွင့်ဝေဆာနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ မြို့နယ်အမှုဆောင်အရာရှိ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမကြီး (ပြည်ထောင်စု)လမ်းမ တစ်လျှောက်တပ်ကုန်းရပ်ကွက်အတွင်းရှိ လမ်းလယ်ကျွန်းများတွင် စည်ပင် သာယာရေးအဖွဲ့စိမ်းလမ်း လုပ်သားများက မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လမ်းမတစ်လျှောက် စက္ကူပန်း ပင်၊ နွယ်သာဂီပန်းပင်များဖြင့် ဖူးပွင့်ဝေဆာလှပနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။…

Read More