မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများထံ ထွန်ယက်စိုက်ပျိုးနိုင်ရေး ပရီမီယမ်ဒီဇယ်စက်သုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
မြစ်ကြီးနား ဇွန် ၂၀ ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် မြစ်ကြီးနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများထံ စိုက်ပျိုးချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး ပရီမီယမ်ဒီဇယ်စက်သုံးဆီများကို ပြင်ပပေါက်ဈေးထက် ပိုမိုသက်သာသောနှုန်းထားဖြင့် ယနေ့ နံနက်ပိုင်းကစတင်၍ မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၃ နေရာတွင် ရောင်းချပေးလျက်ရှိသည်။ ထိုသို့ စက်သုံးဆီများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးနေမှုကို ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသိန်းစိုး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဝန်ထမ်းများက မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အတွင်းရှိ ဇေယျာမင်းစက်သုံးဆီအရောင်းဆိုင်၌ တပ်ကုန်းရပ်ကွက်၊ နောင်နန်းနှင့် မန်ခိန်ရပ်ကွက်များအတွင်းရှိ တောင်သူများအတွက် တစ်ဧကအတွက် နှစ်ဂါလံနှုန်းဖြင့် တစ်လီတာလျှင်ငွေကျပ် ၄၇၆၉ ကျပ်၊ တစ်ဂါလံလျှင် ၂၁၄၆၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။…