ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်၍ မြစ်ကြီးနားမြို့၌ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးအတွက် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းရှင်များ နှင့် တွေ့ဆုံရှင်းလင်းဆွေးနွေး
မြစ်ကြီးနား ဇွန် ၈ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ လုံခြုံရေးဆိုင်ရာအသိပညာများဖလှယ်၍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးအတွက် အထောက်အကူပြုစေရန် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးက ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများသည် ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ပြည်သူများ၏ သွားလာနေထိုင်မှုအတွက် အရေးပါသော ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့်အပြင် အများပြည်သူလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းတည်ငြိမ်ရေးတို့နှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိပါကြောင်း၊ လက်ရှိကာလတွင် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများ ပိုမိုများပြားလာသည့် အတွက် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် တည်းခိုသူများ၏ အချက်အလက်များကို စနစ်တကျ…