ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်၌ ၂၀၂၅ ခုနှစ် သာသာနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကျင်းပ၊ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး လယ်ကုန်း၊ ကြက်ပေါင်ခြံရပ်ကွက်များအတွင်း ကမ်းနားလမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မတ် ၁၄

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို မတ် ၁၃ ရက် နံနက် ၁၁ နာရီတွင် မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်(ရွှေကျင်)မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဟိ တေသိတထံအမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် ဘွဲ့ခံဆရာတော်နှင့် သီလရှင်ဆရာများ တက်ရောက်တော်မူကြသည်။

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အောင်ဇော်ထွေးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြည်ညိုခဲ့ကြပြီး အခမ်း အနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကြကာ မင်္ဂလာဆိုင်းအဖွဲ့က ထူးမခြားဘွဲ့ခံသီချင်းကြီးဖြင့် သီဆိုပူဇော်သည်။

ထို့နောက် ပြည်နယ်သာသနာရေးမှူးက အခမ်းအနားဖွင့် စာတမ်းအားဖတ်ကြားပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် (ရွှေကျင်)မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဟိတေသိတထံမှ ငါးပါးသီလခံယူ ဆောက်တည်တော်မူခြင်းနှင့် သမ္မောဒနီယ သြဝါဒကထာတို့ကို နာယူတော်မူကြသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းရခြင်းနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ဘွဲ့ခံဆရာတော် ၁၂ ပါး၊ သီလရှင်ဆရာကြီး တစ်ပါးတို့အား လှူဖွယ်ပစ္စည်းများနှင့် ဘွဲ့တံဆိပ်တော် အဆောင်အယောင်များကိုလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြကာ လူပုဂ္ဂိုလ်အမျိုးသား ၂ ဦးတို့ကိုလည်း လှူဖွယ်ပစ္စည်းများနှင့် ဘွဲ့တံဆိပ်တော်အဆောင်အယောင်များကို အသီးသီးချီးမြှင့်အပ်နှင်းခဲ့ကြသည်။

ယင်းနောက် ပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဓမ္မရက္ခိတဝန်းသိုကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာထံမှ အနုမောဒနာတရားတော်များနာယူခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌ တုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများနှင့် အလှူရှင်များက သတ်မှတ်နေရာ အသီးသီးမှ ဆရာတော်/ သံဃာတော် မထေရ်မြတ်များနှင့် ဘွဲ့ခံဆရာတော်၊ ဘွဲ့ခံသီလရှင်များနှင့် ဆရာတော်/ သံဃာတော်များ၊ သီလရှင်ဆရာ စုစုပေါင်း (၁၂၆)ဦးတို့အား ဆွမ်းဆန်တော်၊ လှူဖွယ် ပစ္စည်းများအား လောင်းလှူပူဇော်ခဲ့ကြသည်။

ထို့အတူပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းပါး၌ ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး အဆိုပါ လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရေကြည်၊ ပမ္မတီးရပ်ကွက်တို့အတွင်း ဆောင်ရွက်သွားမည့် ကျောက်စီရေထိန်းတမံ၊ ရေလျှံတားနံရံနှင့်မြေသားတာမံတည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေးတိုင်းတာချက်များအရ တွေ့ရှိချက်များအပေါ် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ လယ်ကုန်း ရပ်ကွက်မှကမ်းနားတစ်လျှောက် တာရိုးလမ်းဟောင်းအတိုင်း ခတ်ချိုစက်လှေဆိပ်မှ ကြက်ပေါင်ခြံ၊ ရေကြည်၊ ပမ္မတီးရပ်ကွက် (လီဒိုလမ်း)အထိ အလျား (၂၃၇၈၀)ပေအား ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် လယ်ကုန်းဇီးလွန်မြောင်း ရေထွက်ပေါက်၊ ကြက်ပေါင်ခြံ ရေထွက်ပေါက်၊ ရေကြည် ချောင်းရေထွက်ပေါက် နေရာတို့တွင် ရေတံခါးများ တည်ဆောက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း ၍ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် အဆိုပါ လယ်ကုန်းရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက် ကမ်းနားလမ်းတစ်လျှောက်ရှိ နှုန်းတင်သဲနုမြေပေါ်တွင် ဒေသခံတောင်သူများ၏ ဟင်းသီးဟင်းရွက် စိုက်ခင်းများဖြစ်ထွန်းအောင် မြင်လျက်ရှိသည့်အခြေအနေများနှင့် ရပ်ကွက်များအတွင်း ကျွဲ၊ နွား၊ ဆိတ်နှင့်သိုးများ မွေးမြူထားရှိမှုအခြေအနေများနှင့် တိရစ္ဆာန်အစာအတွက် နေဗွီယာမြက်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကြက်ပေါင်ခြံရပ်ကွက်အတွင်းမှ ဧရာဝတီမြစ်ကြောင်း ဖွံ့ဖြိုးရေးအတွက် ပမ္မတီးရပ်ကွက်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် သဲသောင် (၂၀၉၀၉၂၈) ကုဗမီတာအား ရှင်းလင်းဖယ်ရှားနိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။