ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ တိုင်းရင်းကြက်သားဖောက်မွေးမြူရေးလုပ်ငန်းဆောင် ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (ငွေလုံး ငွေရင်း) အသုံးစရိတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်း/ လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်ကုန်တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးနှင့် ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား မတ် ၁၁ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဒေသတွင်းရှိတောင်သူများအား ရင်းနှီးမတည်ပေးခြင်း၊ တွန်းအားပေးမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ရှိ တိုင်းရင်းကြက်သားဖောက်မွေးမြူရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ကြာရာပ္ပတီးရပ်ကွက်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးပီတာမရန်ဂွန်ဒန်ဇော်၏ ခြံဝင်းသို့ သွားရောက်ပြီး ခြံဝင်းအတွင်း တိုင်းရင်းကြက်သားပေါက်ငယ်ကောင်ရေ ၂၀၀၀ ကျော် မွေးမြူထားရှိမှု အခြေအနေများ၊ ဒေသကြက် မျိုးကောင်းမျိုးသန့်ကောင်ရေ (၇၀၀)ကျော်အား စုစည်းရွေးချယ်၍ ကြက်ခြံ (၅) ခြံအဖြင့် စနစ်တကျ မွေးမြူထားရှိမှုအခြေအနေများနှင့် ခေတ်မီစက်ကြီးများဖြင့် ကြက်ဥများအား သားဖောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အောက်ဆန်ဂေါင်ကျေးရွာအတွင်း လယ်သီးထပ်ဆီထွက်သီးနှံ ဆီမုန်ညှင်းစိုက်ခင်းနှင့် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း (ရေခဲတောင်သွားလမ်း) လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး(ချမ်းမြေ့မေ) စမ်းသပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲတက်ရောက်

ပူတာအို မတ် ၅ မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် စားရေရိက္ခာဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအားတိုးတက်မြှင့်မားရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးမှု တိုးတက်မြင့်မားလာစေ‌ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၄ ရက်က အထက်ဆန်ဂေါင်- လုံနဒမ်း-ဇီးယာဒမ်းလမ်း (ရေခဲတောင်သွားလမ်း) ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်သည်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့မှတစ်ဆင့် မြို့နယ်အတွင်းရှိ အောက်ဆန်ဂေါင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအတွင်းနိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းမှ ရင်းနှီးမတည်ငွေကျပ် (၃၅)သိန်း ပံ့ပိုးပေးမှုဖြင့် တောင်သူ ဦးခေါင်ခင်၏ လယ်(၅)ဧကအတွင်း ဆီမုန်ညှင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ဆက်လက်၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆည်ရေသောက်စနစ်များနှင့် ကျေးရွာဘောလုံးကွင်း ပြုပြင်ပေးနိုင်ရေးစသည့် လိုအပ်ချက်များ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နောင်မွန်မြို့၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး၊ ပူတာအိုမြို့၌ ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ မူးယစ်ကင်းစင်တို့လက်များ စုပေါင်းမိတ် သဟာယ၏ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲနှင့် လုံးစွတ်ရပ်ကွက်အတွင်း မိုးစပါးစိုက်ဧက ၃၀၀ ကျော်အကျိုးပြုသည့် နတ်ကုန်တုံရေလွှဲဆည်အား ဖွင့်လှစ်ပေး

ပူတာအို မတ် ၄ မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးစေရေးနှင့်မိုးစပါးနှင့်အတူ သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေး၊ ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၃ ရက် နံနက်ပိုင်းက ပူတာအိုခရိုင်၊ နောင်မွန်မြို့၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် နောင်မွန်မြို့နယ် ထန်ထုကျေးရွာအတွင်းရှိ ဦးခေါင်လန်အိမ်ရမ်၏ ခြံ၌ မိသားစုတစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ငါးကန်တိုးချဲ့၍ ငါးကောင်ရေထပ်မံစိုက်ထည့် မွေးမြူနိုင်ရေးအတွက် လုပ်ငန်းများ စနစ်တကျဖြစ်စေရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ငါးကန်တိုးချဲ့နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေအဖြစ် ငွေကျပ်သိန်း ၂၀ ကိုပေးအပ်ခဲ့သည်။ထို့နောက် နောင်မွန်မြို့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြန်မာပြည်မြောက်ဖျားပိုင်း နောင်မွန်မြို့၌ ဝဏ္ဍကျော်ထင်ဦးဂူရှင်ခန်းမသစ်ဖွင့်လှစ်ပေး၊ မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ ရီဒမ်းတံတားသစ် တည်ဆောက်နေမှုအခြေအနေများနှင့် နောင်မွန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

နောင်မွန် မတ် ၃ မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးစေရေးနှင့် မိုးစပါးနှင့်အတူ သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေး၊ ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပူတာအိုခရိုင်၊ နောင်မွန်မြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နောင်မွန်- မဂွေဇ- ခေါင်လန်ဖူးလမ်းအခြေအနေအား မတ် ၃ ရက် နံနက် ပိုင်းကသွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ရှေးဦးစွာနံနက်၇နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများနှင့်အတူ နောင်မွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံ ငွေကျပ် (၁၅၆ ဒဿမ ၉)သန်းဖြင့် တည်ဆောက်ပေးခဲ့သော (၈၀ ပေ)၊ (၃၀ပေ)ရှိ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြန်မာပြည်မြောက်ဖျားပိုင်း နောင်မွန်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

နောင်မွန် မတ် ၂မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်အတွင်း ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် မိုးစပါးအပြင် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေး ဆီထွက်သီးနှံများတိုးမြှင့်စိုက်ပျိုးနိုင်ရေး ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၁ ရက်က နောင်မွန်မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့မှ နောင်မွန်မြို့သို့ မော်တော်ယာဉ်ဖြင့် သွား‌ရောက်ခဲ့ကြပြီး ရှေးဦးစွာ မချမ်းဘောမြို့နယ် အလန်ဂါးကျေးရွာအတွင်းရှိ (၂၁)မိုင် View Point ၌ ဒေသတွင်း နာမည်ကျော်နေရာတစ်ခုဖြစ်သည့် တိမ်ပင်လယ်ဖြစ်ထွန်းနေမှုနှင့် တောတောင်ရေမြေသဘာဝအလှများကို ကြည့်ရှုလေ့လာခဲ့ကြသည်။ထို့နောက်နောင်မွန်မြို့နယ်ရပ်ဘော့ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရင်းနှီးမတည်ပေးမှုဖြင့် အကျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိသည့် ဒေသဝက်မွေးမြူရေးလုပ်ငန်းများ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်၊ ပူတာအိုနှင့် မချမ်း‌ဘောမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ Grade-12 ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအား အာဟာရကြေးနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်

ပူတာအို မတ် ၁ မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် စားရေရိက္ခာဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား တိုးတက်မြှင့်မားရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးမှု တိုးတက်မြင့်မားလာစေ‌ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေ‌ဖော်ဝါရီ ၂၈ရက်ကပူတာအို နှင့် မချမ်းဘောမြို့နယ်များအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့၊ လေယာဉ်ကွင်းရပ်ကွက်အတွင်းရှိ ဟိုဖိုင်ကျေးရွာသို့ သွားရောက်ခဲ့ကြပြီး ဒေသခံများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လေယာဉ်ကွင်း၊ လုံးစွတ်၊ ပန်းလှိုင် စသည့် ရပ်ကွက်များအတွင်းရှိ မိုးစပါးစိုက်လယ်များအတွင်း စိုက်ပျိုးရေလုံလောက်စွာရရှိရေး နမ့်ထွမ် ချောင်းရေအား ပင့်တင်၍ အရှည် ၁၂၀ ရှိ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုဒေသ စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ပူတာအို ဖေဖော်ဝါရီ ၂၈မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုဒေသအား စားရေရိက္ခာဖူလုံစေပြီး ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ လေကြောင်းခရီးဖြင့်သွားရောက်ခဲ့ကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင် / မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်အတွင်း မိုးစပါးစိုက်ဧကပေါင်း ၃၂၀ အား အကျိုးပြုစေသည့် လုံးစွတ်ချောင်းပေါ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တည်ဆောက်ပေးခဲ့သော နတ်ကန်တုံရေလွှဲဆည်သို့ သွားရောက်ခဲ့ကြပြီး ရေလွှဲဆည်တည်ဆောက်ရေးဆိုင်ရာအချက်အလက်များနှင့်စပ်လျဉ်း၍ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်၊ (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေး ဆပ်ကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၅ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်းရှိ ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယနေ့ နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်သည့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ရှေးဦးစွာ အဆိုပါ RCC (၆)ထပ် ကျောင်းဆောင်သစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်နှင့် ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဦးဇေယျာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းဆောင်သစ်ဆိုင်းဘုတ်ကို တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကိုယ်ပိုင်အထက်တန်းကျောင်းအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ချီးမြှင့်ပေးအပ်သည်။ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ကျောင်းဆောင်သစ်အတွင်း ဖွင့်လှစ်ပြသထားသည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ပညာရေးစွမ်းရည်ပြခန်းများကို စိတ်ဝင်တစား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီးများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် အခမဲ့ကျန်း‌မာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး၊ MSME ထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဒေသတွင်းတောင်သူများအကျိုးစီးပွားဖြစ်ထွန်းမှုကြောင့် ပြည်နယ်အစိုးရအဖွဲ့သို့ ဆန်စပါးတင်း (၁၀၀) လှူဒါန်းပွဲအား တက်ရောက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၄ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက Pfizer Comirnaty Omicron XBB.1.5 ထိုးနှံပေးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည ယင်းသို့ ကျန်းမာရေးဝန်ထမ်းများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုလုပ်ငန်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည် နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပေးကြသည့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင်နှင့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေကျပ် ၅ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြ ပါသည်။ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ပြည်သူ့ ဆေးရုံကြီးအတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီးများအား မြန်မာ့စီးပွားရေးဘဏ်(မြစ်ကြီးနားဘဏ်ခွဲ) မှ ပင်စင်လစာထုတ်ပေးခြင်းနှင့် ပြည်နယ်ကုသရေးဦးစီးဌာနက…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၇)ကြိမ်မြောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးမှူး၍ မြို့နယ်ဗုဒ္ဓဘာသာသာသနာရေးအဖွဲ့က ကြီးမှူးကျင်း ပသော (၂၇) ကြိမ်မြောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပြိုင်ပွဲ ယခုလ ၁၄ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ အကောင်းဆုံးရွေးချယ်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ရှေးဦးစွာ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့ နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာများမှ ဝတ်အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကြသည်။ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ယခုလို အလွန်အကျိုးကျေးဇူးများလှသည့်…

Read More