ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပိုက်ပြင်ပိုက်ဆက်သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တက်ရောက်အားပေး
မြစ်ကြီးနား ဒီဇင်ဘာ ၆ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းကော်မတီ၊ပြည်နယ် အဆင့်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးဆပ်ကော်မတီနှင့် အလုပ်သမားညွှန်ကြားမှုူ ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ပြင်ပိုက်ဆက်သင်တန်း (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့ တက်ရောက်အားပေးခဲ့ကြသည်။ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်ကလေးအလုပ်သ မားပပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ ၏ လုပ်ငန်းတာဝန်များနှင့်အညီ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ယခုလို သက်မွေးပညာ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် မည်သည့်ပညာရပ်ကို မဆို ကြိုးစားလေ့လာသင်ယူပြီး လက်တွေ့နယ်ပယ်တွင်လည်း သက်မွေးပညာရပ်ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာမည်ဖြစ်ကြောင်း မှာကြားသည်။ […]ဆက်လက်ဖတ်ရှူရန်