Tags : ကချင်ပြည်နယ်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၂၅ ကချင်ပြည်နယ်အတွင်း အသက်အရွယ်အုပ်စုအလိုက် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် အကြိမ်ပြည့်ထိုးနှံပေးနိုင်ရေး ပြည်နယ် ကိုဗစ် – ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်/ မြို့နယ် ကို‌ဗစ် – ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း အသက် (၁၈)နှင့် အထက် ပြည်သူလူထုများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ အသက်အရွယ်အုပ်စု […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မြစ်ကြီးနားမြို့နယ်အတွင်းနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား       ဇန်နဝါရီ ၂၄             ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေ၊ ပြည်နယ် စီးပွားမြှင့်တင်‌ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး  ရင်းနှီးမတည်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့် အတူ မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာအတွင်းရှိ  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး‌ခဲ့ကြသည်။             ‌ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အကျဲကျေးရွာရှိ နိုင်ငံစီးပွားမြှင့်တင်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဆွတ်ရှနန် သဘာဝမြေသြဇာစက်ရုံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သဘာဝမြေသြဇာများ ထုတ်လုပ်ရောင်းချနေမှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က ကုန်ကြမ်းများလွယ်ကူစွာရရှိရေးနှင့် သဘာဝ မြေသြဇာများ အရည်အသွေးကောင်းမွန်၍ ဈေးကောင်းရရှိစေရေးတို့အား လမ်းညွှန်မှာကြားပြီး […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား     ဇန်နဝါရီ ၂၁ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့် တင်‌ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့်အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စက်မှု လက်မှု ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး  ရင်းနှီးမတည်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများ၌  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာအုပ်စုအတွင်း တောင်သူ ဦးကြည်လင်၏ လယ်မြေ ၄ ဧကပေါ်တွင် ဆောင်းသီးနှံများအဖြစ် စိုက်ပျိုးထားရှိသည့် ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ဂေါ်ဖီထုတ်၊ မုန်ညှင်း၊ ခရမ်းသီး၊ ကိုက်လန် စသည့် ဟင်းသီးဟင်းရွက်များ စိုက်ခင်းများ စိုက်ပျိုး‌‌အောင်မြင် ဖြစ်ထွန်းနေမှုအား လှည့်လည် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့တွင် ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇန်နဝါရီ ၂၀           မိုင်းနှင့်ပေါက်ကွဲစေနိုင်သော လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိနိုင်သည့် အန္တရာယ်များ လျော့ချနိုင်ရေးအတွက် မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ အများပြည်သူထံ သတင်း အချက်အလက်များ ဖြန့်ဝေခြင်းနှင့် မိုင်းအန္တရာယ်ရှိသော နေထိုင်ပြုမူခြင်းများ ပြောင်းလဲလာစေ‌ရေး တို့အား ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်နယ်အဆင့် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) အား ဇန်နဝါရီ ၂၀ ရက် နံနက် ၉နာရီခွဲက လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး ပန်းခင်းခန်းမတွင်  ကျင်းပပြုလုပ်သည်။           ‌ရှေးဦးစွာ ပြည်နယ်အဆင့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ‘မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ယနေ့ အစည်းအဝေးတွင် ကချင်ပြည်နယ်အတွင်း ဆောင်ရွက်ခဲ့သော မိုင်းအန္တရာယ်အသိပညာပေး ဆောင် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁)/ဒုတိယဦးစီးမှူး ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည့် ဝန်ထမ်းများအား တွေ့ဆုံဂုဏ်ပြုပြီး ရင်ထိုးတံဆိပ်များ တပ်ဆင်ပေး

မြစ်ကြီးနား     ဇန်နဝါရီ ၁၈           ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုထမ်းများအား အရည်အချင်းစစ် စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ စာမေးပွဲတွင် စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် (၁)/ ဒုတိယဦးစီးမှူး ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည့် ဝန်ထမ်းများအား ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၁၈ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ဂုဏ်ပြုတွေ့ဆုံပြီး ရင်ထိုးတံဆိပ်များတပ်ဆင် ပေးခဲ့ကြသည်။           ထိုသို့ ဂုဏ်ပြုတွေ့ဆုံရာတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ် ရေးမှူး ဦးခင်မောင်လေးက ယနေ့ စီမံ(၁)/ဒုတိယဦးစီးမှူးရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသူများအနေ ဖြင့် လုပ်ငန်းခွင်အတွင်း လိုက်နာဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေများကို လေ့ကျင့်မှတ်သားပြီး ပြန်တမ်းဝင်အရာရှိအဆင့်ဖြစ်သည့် ဦးစီးအရာရှိများ ဖြစ်လာကြရန် ကြိုးစားကြစေလိုကြောင်း တိုက် တွန်းမှာကြားသည်။           ထို့နောက် အရည်အချင်းစစ်စာမေးပွဲအတွက် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရင်းနှီးမတည်သည့် လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးနှင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး

မြစ်ကြီးနား     ဇန်နဝါရီ ၁၈            နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည့် ကျေးရွာများတွင် လုပ်ငန်းကဏ္ဍအလိုက် ရန်ပုံငွေများမတည် ထောက်ပံ့ထားရှိအခြေအနေနှင့် ဆက်လက်မတည်ထောက်ပံ့သွားမည့် လုပ်ငန်း များအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက်  ၁၀ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမတည်  ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးပြီး  ၇ ဘီလီယံကို လုပ်ငန်းစီမံကိန်းကဏ္ဍများအလိုက် လွှဲပြောင်း […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း နွေ၊ မိုး၊ ဆောင်း သီး (၃)

မြစ်ကြီးနား     ဇန်နဝါရီ ၁၈           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ပြည်နယ်အတွင်း စိုက်ပျိုးရေး အသိပညာပေး စံပြစိုက်ကွင်းတစ်ခု တစ်နှစ်ပတ်လုံး သီး(၃)သီးစိုက်ပျိုးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက် ညနေ ၃ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ဖြတ်သန်း စီးဆင်းသည့် အင်ဂျန်းခချောင်းရေကြီးရေလျှံမှုကြောင့် သီးနှံဆုံးရှုံးမှုမှ ကာကွယ်နိုင်ရေး ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေနှုတ်မြောင်းအဖြစ် အရှည်ပေ (၁၀၀၀၀) ကျော်အား အနက် ၅ ပေ ပြန်လည်တူးဖော်ခြင်းလုပ်ငန်း၊ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်အပ်နှင်းသည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်အား မြစ်ကြီးနားမြို့ရှိ ဘွဲ့ခံပုဂ္ဂိုလ်၏ နေအိမ်သို့ သွားရောက်၍ လက်ဝယ်အရောက်ချီးမြှင့်အပ်နှင်း

မြစ်ကြီးနား     ဇန်နဝါရီ ၁၈           (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ခဲ့ရာ အကြောင်းအမျိုးမျိုး ကြောင့် လူကိုယ်တိုင်တက်ရောက်ယူနိုင်ခြင်းမရှိခဲ့သည့် ကချင်ပြည်နယ်မှ ဘွဲ့ခံပုဂ္ဂိုလ်အား ကချင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇန်နဝါရီ ၁၈ ရက် မွန်းလွှဲ ၁ နာရီက ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်နှင့် ဘွဲ့လက်မှတ်ကို နေအိမ်အရောက် ချီးမြှင့်အပ်နှင်းခဲ့သည်။           ထို့သို့ နေအိမ်အရောက်အပ်နှင်းရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်အပ်နှင်းသည့် စည်သူဘွဲ့ရရှိသူ  ဗိုလ်မှူးကြီး(ငြိမ်း)လဖိုင်ခွန်နောင်(နိုင်ငံတော်ကောင်စီဝင်) ကိုယ်စား သမီးဖြစ်သူ ဒေါ်လဖိုင်နန်ဒွဲအား မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ၎င်း၏မိသားစုနေအိမ်၌ သွားရောက်၍ ဂုဏ်ထူးဆောင်တံဆိပ် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း ဆက်သွယ်ရေးနည်းပညာ(ICT)အသုံးချမှုတိုးတက်မြှင့်မားလာစေရေး နည်းပညာပိုင်းဆိုင်ရာ သင်တန်း ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဇန်နဝါရီ ၁၆           ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း ခေတ်မီနည်းပညာသုံး အီလက်ထရောနစ်ပစ္စည်းများကို လက်တွေ့အသုံးချနိုင်ရေးနှင့် နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို သိရှိနားလည်ပြီး ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများအား ဖွင့်လှစ်ပို့ချပေး သည့် နည်းပညာပိုင်းဆိုင်ရာသင်တန်းကို ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်အစိုးရအနေဖြင့် e -Government စနစ်ကို ကူးပြောင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာသည် အစိုးရ၏ လုပ်ငန်း များ လျင်မြန်သွက်လက်စွာဆောင်ရွက်နိုင်စေသည့်အပြင် ပြည်သူများကို ဝန်ဆောင်မှုပေးရာတွင် လည်းကောင်း၊ လိုအပ်ချက်များကိုဖြည့်ဆည်းပေးရာတွင်လည်းကောင်း၊ အစိုးရနှင့် ပြည်သူများ အကြား၊ အစိုးရနှင့် စီးပွားရေး လုပ်ငန်းများအကြား၊ အစိုးရဌာနအချင်းချင်းအကြား ဆက်ဆံ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်၏ အရှေ့၊ အနောက် မြစ်ရိုးတစ်လျှောက် (၅)မိုင်အတွင်း နွေ၊ မိုး၊ ဆောင်း ရာသီအလိုက်

မြစ်ကြီးနား     ဇန်နဝါရိ ၁၆           ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့နှင့် အနောက် မြစ်ရိုးတစ်လျှောက် (၅)မိုင် အတွင်း နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် တစ်နှစ်ပတ်လုံး သီးနှံများ နှစ်သီး/ သုံးသီး စိုက်ပျိုးနိုင်ရေး၊ မြစ် ရေတင် လုပ်ငန်းများ စနစ်တကျဖြင့် စီမံခန့်ခွဲဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ထို့သို့ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းများ စနစ်တကျဖြင့် စီမံချက်ရေးဆွဲ ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့် အညီ ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီ၏ အရှေ့နှင့်အနောက် မြစ်ရိုးတစ်လျှောက် (၅)မိုင်အတွင်း တစ်နှစ်ပတ်လုံး […]ဆက်လက်ဖတ်ရှူရန်