ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်အခြေခံပညာကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်
မြစ်ကြီးနား ဇန်နဝါရီ ၁၄ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၂၀၂၂-၂၀၂၃ အခြေခံပညာ ကျောင်းသားအားကစားပွဲတော်သို့ ကချင်ပြည်နယ်မှ သွားရောက်ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစား အဖွဲ့အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်မှ အားကစားသမားများအနေဖြင့် ရှေးယခင်က နိုင်ငံတော်ကိုယ်စားပြု မြန်မာ့ လက်ရွေးစင်အဖြစ် အရှေ့တောင်အာရှနှင့် အာရှအားကစားပြိုင်ပွဲများတွင် ဘောလုံး၊ ရေကူး၊ မာရသွန်အပြေးနှင့် တာတိုတာလတ် အပြေးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ […]ဆက်လက်ဖတ်ရှူရန်