
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စွမ်းရည်မြှင့်သင်တန်းတက်ရောက်နေသော မြစ်ကြီးနား ခရိုင်အတွင်းမှ ကျောင်းအုပ်ဆရာ၊ ဆရာမများအား သွားရောက်တွေ့ဆုံအားပေး
မြစ်ကြီးနား မတ် ၁၉ ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော မြစ်ကြီးနားခရိုင်အတွင်းရှိ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများအတွက် စွမ်းရည်မြှင့် သင်တန်းကို မြစ်ကြီးနားမြို့၊ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ပြုလုပ် လျက်ရှိရာ မတ် ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီ အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံအားပေးကြသည်။ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ဆရာ၊ ဆရာမများသည် စေတနာ၊ ဝါသနာ၊ အနစ်နာစသည့် နာ(၃)နာဖြင့် တပည့်များကို သားသမီးအရင်းသဖွယ် အနာဂတ်ခေါင်းဆောင် ကောင်းများဖြစ်အောင် လေ့ကျင့်ပျိုးထောင်သင်ကြားပေးရပါကြောင်း၊ မိမိတို့ ကချင်ပြည်နယ်၏ ပညာ ရေးကဏ္ဍ တိုးတက်ကောင်းမွန်လာစေရေးကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသည့် အတွက် ဆရာ၊ ဆရာမများအား ပြည်နယ်သူ/သားများကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ ရှေ့ဆက်ပြီး မိမိတို့…