ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ မိတ်ဆက်တွေ့ဆုံ

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ မိတ်ဆက်တွေ့ဆုံ

မြစ်ကြီးနား ဖေဖော်ဝါရီ ၃ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ ကချင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခ ခန်းမ၌ ကျင်းပသည်။ တွေ့ဆုံပွဲအခမ်းအနားတွင် အမှတ်(၁)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော် က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏အုပ်ချုပ် ရေးဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ကောင်စီဥက္ကဋ္ဌ များကို ခန့်အပ်တာဝန်ပေးခဲ့ပါကြောင်း၊ ယခုခန့်အပ်တာဝန်ပေးလိုက်သည့် ကချင်ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် လွှတ်တော်ပိုင်းဆိုင်ရာ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအတေွ့အကြုံရှိ သည့် ကချင်တိုင်းရင်းသားတစ်ဦးဖြစ်ပါကြောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ် အေးချမ်းသာယာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကောင်စီဥက္ကဋ္ဌနှင့် လက်တွဲ၍ ကြိုး ပမ်းဆောင်ရွက်သွားမည်ဆိုလျှင် ကချင်ပြည်နယ်အနေဖြင့် မိမိတို့မျှော်မှန်ထားသည့်အတိုင်း တိုးတက် ဖွံ့ဖြိုးမှု တွေရရှိလာမှာ ဖြစ်ပါကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အပေါ် အပြည့်အဝပံ့ပိုး၍ ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိအနေဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်နယ်အတွက် ကျရာတာဝန်ကို ထမ်းဆောင်ရာတွင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်နယ်အဆင့်ဌာနဆိုင် ရာများအားလုံးက ယုံယုံကြည်ကြည်ဖြင့် ဝိုင်းဝန်းလက်တွဲ၍ ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါကြောင်း ဖြင့် နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပ ဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ကောင်စီဥက္ကဋ္ဌအား ပြန်လည်မိတ်ဆက်တင်ပြခဲ့ကြပြီး အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။