ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကဗန်းမော်ခရိုင်၊မိုးမောက်မြို့နယ်အတွင်းဌာနဆိုင်ရာများ၊ကျေးအုပ်ချုပ်ရေးမှူးများ၊နေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံပြီး ထောက်ပံ့ငွေများပေးအပ်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကဗန်းမော်ခရိုင်၊မိုးမောက်မြို့နယ်အတွင်းဌာနဆိုင်ရာများ၊ကျေးအုပ်ချုပ်ရေးမှူးများ၊နေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံပြီး ထောက်ပံ့ငွေများပေးအပ်

ဗန်းမော်         မေ     

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ တာဝန်ရှိသူများနှင့်အတူ ဗန်းမော်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင် ရွက်ရန်အတွက် ဗန်းမော်မြို့သို့ မေ ၉ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် သွားရောက်ခဲ့ပြီး မိုးမောက်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ နေရပ်စွန့်ခွာ ပြည်သူများနှင့်တွေ့ဆုံအားပေးပြီး ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ကြသည်။

          ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊ ပြည်နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖော်လားဂမ်ဖန်နှင့် တာဝန်ရှိသူများက ဗန်းမော်မြို့၊ မြို့ရှောင်လမ်းပေါ်ရှိ အဝေးပြေးကားကြီးကွင်းတည်ဆောက်ရေးစီမံကိန်းနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။ 

ထို့နောက် မိုးမောက်မြို့သို့ သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နှင့် ဒေါ့ဖုန်းယန်မြို့တို့မှ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အတွင်း ရှိ နေရပ်စွန့်ခွာစခန်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကာ  တွေ့ဆုံပွဲတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြောင်းလဲမှုအခြေအနေများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးတည်ချက် (၉)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တို့ကို ထုတ်ပြန် ကြေညာပြီး စီမံဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကြားကာလတာဝန်ယူဆောင်ရွက်ရာတွင် ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံသားတိုင်း/တိုင်းရင်းသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာများ၊ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေအမှန်ကို သိရှိနားလည်ပြီး မိမိတို့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် မိမိတို့ ဘဝတည်ငြိမ် ခိုင်မာအောင်လုပ်ဆောင်သွားကြရန်လိုကြောင်း၊ ထို့အပြင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် ရာတွင် မိမိတို့သားသမီးများ၏ ပညာရေး၊ အနာဂတ်ရေးအတွက် နောက်ကျမှုမရှိစေရေးအတွက် ကျောင်းအပ်နှံနိုင်ရေးနှင့် ကျောင်းများအေးချမ်းစွာဖွင့်လှစ်ရေးကို ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်းနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းလာစေရေးအတွက် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို မိမိတို့နှင့်အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက မိုးမောက် မြို့နယ်အတွင်းရှိ မိုးမောက်ထွေ/အုပ်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၈)သိန်း၊ လွယ်ဂျယ်မြို့နှင့် ဒေါ့ဖုန်းယန်မြို့ရုံးများအတွက် ထောက်ပံ့ငွေကျပ်(၂)သိန်းစီဖြင့် စုစုပေါင်း (၄)သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် ဝင်များအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်း၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ် (၆) သိန်းနှင့် မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းများနေပြည်သူများအတွက် တန်ဖိုး ငွေကျပ်(၁၂၄၇၀၀၀)ရှိ ဆန်အိတ် (၄၃)အိတ်တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ဗန်းမော်မြို့သို့ ရောက်ရှိပြီး မြသီတာဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ ဗန်းမော်မြို့ အဝေးပြေးကားကွင်းတည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံကုမ္ပဏီ တို့က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် စီမံကိန်းဧရိယာအတွင်း တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်သွားမည့် အစီအစဉ်များ ရှင်းလင်းတင်ပြမှုအပေါ်  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက မြေယာကိစ္စရပ်များအပေါ် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေး ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။