ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ နောင်ခမ်းရှမ်းရွာ အတွင်း ရပ်ကွက်နေပြည်သူများ၏ လိုလားချက်အရ ရပ်ကွက်တွင်းလမ်းများ ခင်းကျင်းပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ နောင်ခမ်းရှမ်းရွာ အတွင်း ရပ်ကွက်နေပြည်သူများ၏ လိုလားချက်အရ ရပ်ကွက်တွင်းလမ်းများ ခင်းကျင်းပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     စက်တင်ဘာ ၄

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်(နောင်ခမ်းရှမ်းရွာ)အတွင်း မိန်းလမ်းမ တစ်ခုသာ ကွန်ကရစ်လမ်းရှိနေပြီး လမ်းသွယ်များအနေဖြင့် မြေသားလမ်းအဖြစ်သာ ရှိနေသဖြင့် ရပ်ကွက်နေပြည်သူများ၏ တင်ပြချက်အရ လမ်းသွယ်များ ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေး ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီခွဲ က ရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးမျိုးဆွေ၊ သယံ ဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့သည် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ရပ်မိရပ်ဖများက မြို့သစ်ကြီးရပ်ကွက် (နောင်ခမ်းရှမ်းရွာ) အတွင်း အများပြည်သူတင်ပြတောင်းဆိုထားသည့် လမ်းသွယ် (၅) ဟွန်ကိုင်လမ်း အရှည်ပေ ၄၅၀  မြေသားလမ်းအခြေအနေနှင့် လမ်းသွယ် (၆)ခတ်လားလမ်း အရှည်ပေ ၅၀၀ မြေသားလမ်းတို့အား အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးများသည် ရပ်ကွက်အတွင်း မိုးတွင်းကာလအတွင်း ရပ်ရွာ နေပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ သွားလာရေးခက်ခဲခြင်းကြောင့် စုစည်းတင်ပြခဲ့သော လမ်းသွယ် ၉ ကိုင်လောင်းလမ်း အရှည်ပေ ၅၂၀ နှင့် လမ်းသွယ် (၁၅)မှ လမ်းသွယ် ၁၈ အထိ ရပ်ကွက်တွင်း ပတ်လမ်းအရှည်ပေ ၂၆၀၀ ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဘတ်ဂျက်နှစ်အလိုက် လျာထားသတ်မှတ်၍ ဖြည့် ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက လမ်းသွယ်များအား မြေပြင် အခြေအနေ စနစ်တကျ ကွင်းဆင်းတိုင်းတာစစ်ဆေး၍ ပြန်လည်တင်ပြနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။